ယမန်နေ့ ဒီဇင်ဘာ(၂၇)ရက်နေ့ က လိုင်ယွန် အသင်းနဲ့ ပဲရစ်အက်စ်စီ အသင်းတို့ဟာ ရှုံးထွက်ဖလားပွဲစဥ် ရှိနေခဲ့တာဖြစ်ပြီး ထိုပွဲမှာ ဘောလုံးဝါသနာရှင်ပရိတ်သတ်တွေ လုံးဝကို မျှော်လင့်မထားခဲ့တဲ့ ပြဿနာရပ်တစ်ခုပေါ်ပေါက်လာပါတယ်။
အဲ့တာကတော့ လိုင်ယွန်အသင်းနဲ့ ပဲရစ်အက်စ်စီအသင်းတို့ရဲ့ နှစ်ဖက်အသင်း ပရိတ်သတ်တွေအားလုံးဟာ ပြိုင်ပွဲအတွင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာပါ။ ထိုဖြစ်ရပ်တွေကြောင့် သူတို့ရဲ့ ရှုံးထွက်ဖလားပွဲစဥ်ကို ရပ်တန့်ကာ ပွဲကိုရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
ဒီ့ထက်ဆိုးရွားတာကတော့ အသင်းပရိသတ်များရဲ့ ဆိုးရွားလွန်းတဲ့ သောင်းကျန်းမှုတွေကြောင့် နှစ်သင်းစလုံးကို ပြိုင်ပွဲကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် လိုင်ယွန်အသင်းကို လည်း လက်ကျန်ဘောလုံးရာသီ တလျှောက်လုံး အဝေးကွင်းပွဲစဥ်တွေကို အသင်းပရိသတ် လာရောက်အားပေးခွင့် ပိတ်ပင်ခံလိုက်ရပြီး ပဲရစ်အက်စ်စီကိုလည်း သူတို့ရဲ့ အိမ်ကွင်း ပွဲ(၅)ပွဲကို သူတို့အသင်းပိုင် ကွင်းမှာ ကစားခွင့် ပိတ်ပင်သွားခဲ့တယ်လို့ သိရပါတယ်။