မာရီလင်မွန်ရိုး တစ်ယောက် မင်းသမီး ဘယ်လိုဖြစ်လာခဲ့တာလဲ

//s9.kh1.co/1f/1fe117703c60570e0b9cc5a46adbc9a1d7e2d6f6.jpg
အနုပညာရှင်များ

 ၀၉-ဒီ-၂၀၂၁ ၁am · လွန်ခဲ့သော ၂ နှစ် က

ပရိတ်သတ်တွေစိတ်ဝင်စားနေကြတဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

Norma Jeane Mortenson လို့ ခေါ်တဲ့ မာရီလင်မွန်ရိုး ဟာ အဖေဘယ်သူမှန်းမသိရ ၊ အမေကလည်း မစောင့်ရှောက်နိုင်လို့ မိဘမဲ့ကျောင်းတွေနဲ့ foster care တွေမှာပဲ နေထိုင်ခဲ့ရင်း သိပ်ကိုကြမ်းတမ်းတဲ့ ငယ်ဘဝကိုဖြတ်သန်းခဲ့ရပါတယ်။ တစ်ခါမှာတော့ သူမ အမေရဲ့ အသိလင်မယားဆီမှာ သွားနေခဲ့ရပြီး ဒီလင်မယားဟာ ဘာသာအယူဝါဒတွေအရမ်းပြင်းတဲ့အပြင်အရမ်းလည်းတင်းကြပ်တာကြောင့် မွန်ရိုး ကို ရုပ်ရှင်သွားကြည့်ခွင့်တောင် မပေးခဲ့ပါဘူး။ ဒါပေမယ့် မွန်ရိုး ဟာ အိမ်ကမသိအောင် ခိုးကြည့်ရင်း Jean Harlow ၊ Lana Turnerတို့ကို အားကျပြီး မင်းသမီးအရမ်းဖြစ်ချင်နေခဲ့ပါတယ်။ ဒီလင်မယား အခြားနယ်တစ်နယ်ပြောင်းဖို့ ဖြစ်လာတဲ့အခါ Monroeဟာ foster careတွေဆီမှာ ပြောင်းနေခဲ့ရပြီး အကြိမ်ကြိမ် မုဒိန်းကျင့်ခံခဲ့ရပါတယ်။ အသက်(၁၁)နှစ်အရွယ်မှာ ပထမဆုံးအကြိမ် rape လုပ်ခံခဲ့ရပြီး (၁၅)နှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။ (၁၆)နှစ်မှာတော့ ချစ်သူ Jimmy Dougherty နဲ့လက်ထပ်ခဲ့ပါတယ်။ မကြာခင်မှာပဲ ရေတပ်သားဖြစ်တဲ့ Jimmy ဟာ တောင်ပစိဖိတ် ကို အပို့ခံလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ကယ်လီဖိုးနီးယား မှာ ကျန်ခဲ့တဲ့ မွန်ရိုး ဟာ လက်နက်ခဲယမ်းထုတ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း ဓာတ်ပုံဆရာတစ်ယောက်ဟာ မွန်ရိုးကို စတင်သတိထားမိသွားပါတယ်။ ဒီလိုနဲ့ သူမဟာ Modelလောကထဲရောက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူပြန်လာတဲ့အချိန်မှာတော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။ နှစ်အနည်းငယ်ကြာတဲ့အခါမှာ မွန်ရိုး ဟာ ရုပ်ရှင်လောကထဲရောက်လာခဲ့ပါတယ်။ သူမရဲ့အနုပညာနာမည်ကို 'Marilyn Monroe' ရယ်လို့ ကိုယ်တိုင်ပေးခဲ့ပြီး သူမရဲ့ဆံပင်ကိုလည်း ရွှေရောင်ဆိုးကာ Blonde အဖြစ်ပြောင်းလဲခဲ့ပါတယ်။သူမ ရဲ့ ညှို့ဓာတ်ပြင်းတဲ့အလှ၊ သူမရဲ့ အရည်အချင်းနဲ့ဇာတ်ကားရဲ့ အရည်အသွေးကောင်းမွန်မှုတွေကြောင့် မွန်ရိုးရဲ့ဇာတ်ကားတွေဟာ Box Office မှာ တော်တော်လေးနာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

မွန်ရိုး ရဲ့ အရည်အချင်းကို ထို အောင်မြင်မှုတွေနဲ့ ဆုတွေက သက်သေပြခဲ့ပေမယ့် သူမ ကိုယ်တိုင်ကတော့ သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ယုံကြည်မှုအားနည်းခဲ့ပါတယ်။ သူမ ဘဝ ရဲ့ နောက်ဆုံး​ရုပ်ရှင်ဖြစ်တဲ့ Clark Gable, Montgomery Clift တို့နဲ့ တွဲရိုက်ခဲ့တဲ့ The Misfits ရုပ်ရှင်ကတော့ အနုပညာအရည်အသွေးပိုင်းမှာ အားကောင်းခဲ့ပေမယ့် ဝင်ငွေပိုင်းမှာ မအောင်မြင်ခဲ့ပါဘူး။ ယခုဆိုရင် Marilyn Monroe တစ်ယောက် တိမ်းပါးခဲ့တာ အနှစ်ခြောက်ဆယ် ပြည့်တော့မှာဖြစ်တဲ့အတွက် သူမရဲ့အကြောင်းကို အမှတ်တရအနေနဲ့ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T