ညဘက်ခရီးသွားနေရင်း ရထားမှားစီးမိတဲ့ အမျိုးသမီး

//s9.kh1.co/b8/b801f6b14bc9951d03f80305e23fcdf2708aee9e.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဖော်ပြမယ့်ဇာတ်လမ်းလေးကတော့ ခရီးသွားနေတုန်း အမျိုးသမီးငယ်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးက ကြာပြီးဆိုပေမယ့်လည်း ထိတ်လန့်စရာကောင်းတာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးငယ်တစ်ဦးဟာ ညဉ့်နက်ပိုင်း‌ေလာက်မှာ ရထားဖြင့် ခရီးသွားနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=652,q=100/11/11b52dbb1a9fd26d8805a6f65abb1e165ed5c940.jpg

သူမမျက်စောင်းထိုး အနေထားမှာတော့ အဖိုးကြီးနှစ်ယောက်ထိုင်နေပြီး သူတို့ဘေးမှာတော့ အဖွားကြီးတစ်ယောက် ထိုင်နေပါတယ်။ ဒါပေမယ့် အဖွားကြီးက သူမကို ထူးဆန်းတဲ့ပုံစံဖြင့် စိုက်ကြည့်နေပါတယ်။ ရထားက ဘူတာရုံတစ်ခုတွင် ရပ်လိုက်ပြီးနောက် ကုတ်အင်္ကျီဝတ်ထားနဲ့ အမျိုးသားတစ်ဦး ဝင်လာကာ သူမဘေးတွင် ဝင်ထိုင်လိုက်ပါတယ်။ အဘိုးအို နှစ်ယောက်ကို စိတ်အနှောက်အယှက်အနည်းဆုံးဖြစ်အောင် ကြည့်နေချိန်မှာ အဘွားအိုကတော့ သူမကို အဆက်မပြတ် စိုက်ကြည့်နေတာကို ကောင်မလေးက ခံစားနေရတုန်းပါပဲ။

https://s9.kh1.co/__image/w=512,h=385,q=100/7d/7d807e8e40bbf0859aca9eea7c1e6e1449073876.jpg
https://s9.kh1.co/__image/w=453,h=612,q=100/94/94e70112cbf7df362ab53dc9962a5852898c5bf0.jpg

ရထားက နောက်တစ်မှတ်တိုင်မှာ ရပ်လိုက်တာနဲ့ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားက ကောင်မလေးကို ဖမ်းဆွဲပြီး ဘူတာရုံကို တွန်းပို့လိုက်ပါတယ်။ ကောင်မလေးက စပြီးအော်လိုက်တဲ့အချိန် ထိုအမျိုးသားက “ ငါတောင်းပန်ပါတယ် ဒါပေမယ့် ငါမင်းအသက်ကို ကယ်လိုက်တာပါ၊ အဘွားကြီးကသေ‌ေနပြီး အဲ့တာကို အဘိုးကြီးတွေကသူမ၀ိဉာဥ်ကုိ ခေါ်လာတာ ” လို့ ပြောလိုက်ပါတယ်။ ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားကဆက်လက်ပြီး သူဟာ ဘုန်းတော်ကြီး တစ်ယောက်ဖြစ်ကြောင်းနဲ့ သူမစီးလာတဲ့ရထားဟာ ဝိဉာဉ်တွေကို သယ်ဆောင်သွားတဲ့ ရထားဖြစ်ကြောင်း ထပ်ပြောပြလိုက်ချိန်မှာတော့ သူမဟာ ထိတ်လန့်သွားကာ မေ့လဲကျသွားပါတော့တယ်။

https://s9.kh1.co/__image/w=650,h=438,q=100/1e/1e0b79e7c739b5de28f93bdd009dc204c825233b.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T