တစ်ခါတုန်းက Susan လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူဟာ ပျော်ပျော်နေတဲ့သူတစ်ယောက်ဖြစ်ပြီး လူချစ်လူခင်လည်း ပေါများသူဖြစ်ပါတယ်။ တစ်ညတွင် Susan ဟာ အိမ်ပြန်ရောက်ပြီးနောက် သူ့ညီမအခန်းထဲ ၀င်သွားခဲ့ပါတယ်။ သူ့ညီမနဲ့သူဟာ အခန်းမျှသုံးကြတာ ဖြစ်ပါတယ်။
အခန်းမီးမဖွင့်ဘဲ ဆူဇန်က သူ့ညီမကို နိုးနေတာလားလို့ မေးလိုက်ပါတယ်။ သူ့ညီမက “အသံတိတ်ပြီး အိပ်ရာထဲဝင်ေတာ့” လို့ ပြန်ဖြေလိုက်ပါတယ်။ Susan က ရေချိုးချင်တာကြောင့် ရေချိုးခန်းသွားေပမယ့် အထဲမှာ လူရှိေနတာကြောင့် အပြင်ဘက်မှာ စောင့်နေခဲ့ပါတယ်။ Susan က အထဲမှာ သူ့အဖေလို့ ထင်ခဲ့ပေမယ့် သူ့အမေက သူ့အဖေ အိပ်ပျော်နေတယ် လို့ ပြောပါတယ်။
ရုတ်တတရက်ဆိုသလို သူ့ညီမဟာ ရေချိုးခန်းထဲက ထွက်လာခဲ့ပါတယ်။ သူမလည်း အံ့အားသင့်သွားပြီး ဆူဇန်ဟာ အလျင်အမြန်ပဲ သူ့အခန်းဆီ ပြေးသွားပါတယ်။ ရောက်ရောက်ချင်း မီးဖွင့်လိုက်ရာ သူ့ညီမရဲ့ အိပ်ရာမှာ ဘာမှမရှိနေခဲ့ပါဘူး။ ဒါဆို သူအိမ်ပြန်ရောက်လာတုန်းက သူမကို ဘယ်သူဖြေခဲ့တာလဲ။ ဘယ်သူမှမသိရှိခဲ့ကြပေမယ့် သေချာတာတစ်ခုက သူမနောက်ကို လိုက်နေခဲ့တဲ့သူပါပဲ။