မြန်မာပြည်က ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်နေပါတယ်ဆိုတဲ့ Sinon Loresca

//s9.kh1.co/3d/3df56e0456f8a091b23464542ba0693da94f035e.jpeg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

လက်ရှိမှာ မွေးရပ်မြေဖိလစ်ပိုင်ကို ပြန်လည်ရောက်ရှိနေပေမယ့် .....

မြန်မာနိုင်ငံကို ချစ်ခင်တွယ်တာပြီး ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ Sinon Loresca ကိုတော့ မြန်မာပရိသတ်တွေတော်တော်များများ ချစ်ခင်အားပေးကြပြီးသား ဖြစ်မှာပါ။ Sinon  က ကြင်နာတတ်ပြီး ဖိလစ်ပိုင် Cat Walk မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon  က ဖိလစ်ပိုင်လူမျိုးတစ်ယောက်ဖြစ်ပေမယ့် မြန်မာလူမျိုးတွေအပေါ် တော်တော်လေး သံယောဇဉ်ရှိပြီး မြန်မာပြည်မှာလည်း တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးနေထိုင်သွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc

Sinon က ကြိုးစားရှာဖွေထားတဲ့ အနုပညာငွေကြေးနဲ့ မကြာခဏဆိုသလို အလှူပြုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူနဲ့အတူ တစ်သားတည်းရပ်တည်ပေးနေတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ မွေးရပ်မြေဖိလစ်ပိုင်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ Sinon က မြန်မာပြည်နဲ့ခွဲခွာနေရပေမယ့် မြန်မာနိုင်ငံရေးအကြောင်းတွေကို အမြဲနားစွင့်နေသူဖြစ်ပါတယ်။

Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc

အခုတစ်ခါမှာလည်း သူက သံပုံးတီးနေတဲ့ပုံလေးရယ်၊ လက်သုံးချောင်းထောင်ထားတဲ့ ပုံလေးနဲ့အတူ မြန်မာပြည်က ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်နေပါတယ်ဆိုတဲ့အကြောင်းကို " I always stand with the people of myanmar ?

#SaveMyammar ?? " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc
Photo Credit: Sinon Loresca’s FB Acc

Source: Sinon Loresca’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T