ကြုံတောင့်ကြုံခဲမိသားစုဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung-eum - Myanmarload

ကြုံတောင့်ကြုံခဲမိသားစုဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung-eum

https://s9.kh1.co/90/909f1bac4370e0b319774ffb8d05375012298aed.jpg
အနုပညာရှင်များ
 08-Dec-2021 11am · 2 months ago

ကြုံတောင့်ကြုံခဲမိသားစုဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung-eum

တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung-eum ဟာ သူမနှင့်သူမခင်ပွန်းဖြစ်သူတို့ရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီ ချပြပေးလိုက်ပြီပဲဖြစ်ပါတယ်။ Hwang Jung-eum ဟာ သူမရဲ့ ချမ်းသာတဲ့ခင်ပွန်းဖြစ်သူနဲ့ ဇူလိုင်လတုန်းကမှ ပြန်လည်ပေါင်းစည်းခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=878,q=100/54/5494f2f4358e1245c97173ceb0731a87ead54a71.png
Instagram

သူမဟာ လက်ရှိမှာ ဒုတိယရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး သူမရဲ့ ဖုံးကွယ်ထားတဲ့ မိသားစု ဓာတ်ပုံကိုပါ ချပြလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားနာမည်ကြီး အနုပညာရှင်တွေဟာ ကောင်မွန်တဲ့အခြေအနေတွေကိုပဲ ပြလေ့ရှိပေမယ့် Hwang Jung-eum ကတော့ သူမအဆင်မပြေတဲ့ အချိန်မှာလည်း မပြေတဲ့အကြောင်းကို ထည်ထည်ဝင်ဝင်ချပြခဲ့တာပါ။

https://s9.kh1.co/__image/w=620,h=1078,q=100/78/78c73d25ffdaa4cf339f094a66e821fce0b74852.png
Instagram

အခုအဆင်ပြေနေတဲ့ အချိန်မှာလည်း ပရိသတ်တွေတောင် မနာလို ဖြစ်ရလောက်တဲ့အထိ ကို ပျော်ရွှင်စရာဓာတ်ပုံလေးတွေကို ချပြခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=923,q=100/dd/dd294f3aa5df2f2a49fd7f935e3fc564436ef34c.png
Instagram

ဓာတ်ပုံလေးတွေထဲမှာ သူမ ခင်ပွန်းဖြစ်သူ ၊ သားဦးလေးနှင့် ဒုတိယရင်သွေးလေးကိုပါ ထည့်သွင်းဖော်ပြပေးထားတာပါ။ သူမရဲ့ ဒုတိယရင်သွေးလေးဟာဆိုရင်လည်း မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=473,q=100/41/41a244fad833d1a26285a8a7758782d2ad1f245f.jpeg
Instagram

ပရိသတ်တွေအနေနဲ့လည်း နှစ်ပေါင်းများစွာ မပျော်မရွှင်ဖြစ်ခဲ့ရတဲ့ မင်းသမီးလေး အခုလို ပြန်လည်ပျော်ရွှင်နေတာကို တွေ့ရတော့ အရမ်းကို ဝမ်းသာနေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး