လေ့လာတွေ့ရှိမှုတစ်ခုအရ လူတစ်ဦးရဲ့အသံ အတိမ်အနက်ဟာ သူဘယ်လောက်တောင် လိမ်လည်လှည့်ဖြားနိုင်ခြေရှိလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ သုတေသီအဖွဲ့တစ်ဖွဲ့က "အဆိုပါဝိသေသလက္ခဏာများဟာ အမျိုးသားများတွင်သာရှိပြီး အမျိုးသမီးများတွင်ေတာ့မရှိ ဝိသေသလက္ခဏာများဟာ ဖောက်ပြန်သောစိတ်ဆန္ဒနှင့် ဆက်ဆံရေးကတိကဝတ်များကို ခန့်မှန်းနိုင်တယ်" ဟု ဆိုကြပါတယ်။ သုတေသီများဟာ အမျိုးသမီးအသံများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် ပြုမူပုံတို့ကြား ခိုင်မာသောဆက်စပ်မှုကို ရှာဖွေရန် ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အသံပိုနက်တဲ့ အမျိုးသားတွေဟာ သာမာန်အသံရှိတဲ့ အမျိုးသားများနဲ့ နှိုင်းယှဉ်ပါက ဖောက်ပြန်မှုမှာ ဖြစ်နိုင်ခြေ ပိုများပြီး သူတို့ရဲ့ အချစ်ရေးမှာ ကတိကဝတ်နည်းပါတယ်။ ဒီသီအိုရီကိုကောက်ချက်ချရန်အတွက် တိုတောင်းတဲ့ ဆက်ဆံရေးရှိသူများကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုတွင် အမျိုးသား ၁၁၆ ဦးနှင့် အမျိုးသမီး ၁၄၅ ဦး ပါ၀င်ခဲ့ကြောင်း သိရှိရပါတယ်။ သူတို့အားလုံးဟာ တူညီသောစကားစုများကို ပြောရတာကြောင့် သူတို့ရဲ့ အသံအတိမ်အနက်ကို မှတ်သားနိုင်မှာ ဖြစ်ပါတယ်။
ဆက်ဆံရေးတစ်ခုအပေါ် ဘယ်လိုသဘောထားကြောင်းနဲ့ လိမ်လည်ဖောက်ပြားဖို့ ဘယ်လောက်စိတ်အားထက်သန်လဲဆိုတာကို မေးခံခဲ့ကြရပါတယ်။ ထပ်ဆင့်ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် အုပ်စုတွင်း စကားသံပိုမိုနက်နဲသော အမျိုးသားများဟာ လက်တွဲဖော်ကို လိမ်လည်လှည့်ဖြားနိုင်ခြေများကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် အသက်ပိုနက်ပြီး တစ်နည်းအားဖြင့် အရမ်းယောက်ျားဆန်တဲ့ အသံပိုင်ရှင်တွေက ဖောက်ပြန်နိုင်ချေများကြပါတယ်။
သတင်း အရင်းအမြစ်៖ The Sun