၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီး အယောက် ၁၀၀ စာရင်းတွင် Sister Ann Rose Nu Tawng ပါဝင်လာ

//s9.kh1.co/ad/ad5dc84397a617191fc5ae819ca5afb34c8aa535.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီး အယောက် ၁၀၀ စာရင်းတွင် Sister Ann Rose Nu Tawng ပါဝင်လာ

ဆန္ဒပြကလေးများကို တတ်နိုင်တဲ့ အင်အားလေးနဲ့ကာကွယ်ပေးခဲ့တဲ့ ကချင်ပြည်နယ်မှ Sister Ann Nu Rose Tawng ဟာ ဘီဘီစီက ပြုစုခဲ့တဲ့  သြဇာရှိ ကမ္ဘာ့အမျိုးသမီး အယောက် ၁၀၀ စာရင်း (100 'most inspiring and influential' women of 2021) မှာ ပါဝင်လာခဲ့ပါတယ်။ Sister Ann Nu Rose Tawng ဟာ ကက်သလစ်အသင်းတော်အခြေပြု ဆေးခန်းမှာ သူနာပြုအဖြစ်လုပ်ဆောင်နေတဲ့သူဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူများကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့သူဖြစ်ပါတယ်။

Sister Ann Nu Rose Tawng 
Sister Ann Nu Rose Tawng 

Sister Ann Nu Rose Tawng ဟာ အမှန်တရားဘက်မှ ရဲဝံ့စွာ ရပ်တည်ခဲ့သူဖြစ်ပြီး မတ်လ ၈ရက်နေ့တုန်းက အောင်နန်းရပ်ကွက် ကက်သလစ်ဘုရားကျောင်းရှေ့လမ်းမမှာ ဆန္ဒပြသပိတ်စစ်ကျောင်းကို ပစ်ခက်ဖြိုခွင်းခဲ့သည့်အချိန်တွင်လည်း  ပြည်သူကို ကာကွယ်သည့်အနေဖြင့် စစ်ကောင်စီရဲများကို ပစ်ခက်ခြင်းမပြုလုပ်ရန် တောင်းပန်ခဲ့သူဖြစ်ပါတယ်။

Sister Ann Nu Rose Tawng 
Sister Ann Nu Rose Tawng 

Sister Ann Nu Rose Tawng ဟာ ပြည်သူအပေါ် အကြမ်းဖက်မှုများကို လက်မခံကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သူဖြစ်ပြီး “အမှန်တရားအတွက် မကြောက်ရဘူး” ဟု ပြောဆိုခဲ့တဲ့သူလည်းဖြစ်ပါတယ်။

100 'most inspiring and influential' women of 2021
100 'most inspiring and influential' women of 2021

Sister Ann Nu Rose Tawng ဟာ သြဇာရှိ ကမ္ဘာ့အမျိုးသမီး အယောက် ၁၀၀ စာရင်းတွင် နံပါတ် ၈၂ နေရာမှပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T