သင့်ရဲ့ အဝလွန်ခြင်းကို သိသိသာသာ လျှော့ချသွားစေမယ့် နည်းလမ်းကောင်းများ

//s9.kh1.co/7a/7abc40578460df94d04e5dd286ee518bda91334e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၇-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

အဝလွန်ခြင်းဟာ အဆီအစိမ့်တွေ အတိုင်းထက်လွန် စားသုံးခြင်း နှင့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းလာခြင်းကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို သိသိသာသာ တိုးလာတတ်ကြပါတယ်။ အဝလွန်ခြင်းဟာ အလှပျက်ရုံသာမက အခြားသော နောက်ဆက်တွဲရောဂါ ဝေဒနာများလည်း ဖြစ်ပေါ်စေပါတယ်။ အဝလွန်သူတွေဟာ အမျိုးသားများထက် အမျိုးသမီးများက ပုံမှန်ထက် လှုပ်ရှားမှု နည်းပါးတာကြောင့် အဝလွန်ခြင်းအပြင် စိတ်ဖိစီးခြင်းများနဲ့ စိတ်ကျဝေဒနာများကို ပိုမိုခံစားရလွယ်ပါတယ်။

Photo Credit - Google
Photo Credit - Google

ယခုခေတ် ဆေးပညာ အဖက်ဖက်က နောက်ပိုင်းမှာတော့ တိုးတက်လာတာနဲ့ အမျှ အဝလွန်ကဲခြင်း၊ အဆီခဲများစုနေခြင်း၊ ဗိုက်ခေါက်ထူခြင်း၊ ဗိုက်ပူခြင်း၊ အဆီပြင်များ တွဲကျနေခြင်း စသည် တို့ကို သိပ္ပံနည်းကျဖြင့် ကုသနိုင်သလို အစားအသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲပေးခြင်းနှင့် ခန္ဓာကိုယ် အဆီဓာတ်ချေဖျက်စေတဲ့ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဖြင့်လည်း အဝလွန်ခြင်းကို လျှော့ချစေပါတယ်။

သင်ရဲ ခန္ဓာကိုယ်မှာ ပုံမှန်ထက် အဝလွန်နေပြီဆိုရင်တော့ နေ့စဉ် အနေအထိုင်၊ အစားအသောက် များကိုဆင်ခြင်ပြီး ကိုယ်လက်လှုပ်ရှားမှုများကို အထူးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သင့်ပြီးလို့ ယူဆရပါတယ်။

Photo Credit - Google
Photo Credit - Google

အဝလွန်ခြင်းမဖြစ်အောင် ဘယ်လိုတွေ နေထိုင်စားသောက်ရမလဲဆိုရင်တော့ ဖော်ပြပေးထားတဲ့ အချက်တွေကို သေချာလိုက်နာမယ်ဆိုရင် သင့်ရဲ့ အဝလွန်ခြင်းကို လျှော့ချစေစေမှာပါ။

၁။ နံနက်စာ များများစားပါ၊ နေ့လည်စာ ပုံမှန်စားပါ၊ ညစာကို လျှော့စားပါ။

၂။ အဆီများသော အစားအစာများ နှင့် အသားဟင်းများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၃။ ဆီကြော်စာများ စားသုံးခြင်းလျှော့ပါ။

၄။ ။ အရက်၊ဘီယာ သောက်ခြင်းကိုရှောင်ပါ။

၅။ Omega3 အဆီပါသော ငါးများများစားပါ။

၆။ အချိုရည်နှင့် အချိုမုန့်များ စားသုံးခြင်းလျှော့ပါ

၇။ ညစာကို အဝစားခြင်း၊ တစ်ရေးနိုးမှ ထစားခြင်း ရှောင်ပါ။

၈။ အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၉။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများ စားသုံးပေးပါ။

၁၀။ ဗီတာမင်စီ ကြွယ်ဝသော အစာများများစားပါ။

၁၁။ နေ့စဥ် ရေများများသောက်ခြင်းသည်လည်း ကယ်လိုရီကို လျော့ကျစေပါတယ်။

၁၂။ နေ့စဉ်တိုင်း အနည်းဆုံး ခြောက်နာရီ အိပ်ပါ။

၁၃။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုလာပါက လေ့ကျင့်ခန်း ပိုမိုပြုလုပ်ပါ။

သင်ဟာ အဝလွန်ခြင်း နှင့် ဝလာလို့ အလှပျက်မှာကို ကြောက်လန့်မိခြင်းကို မဖြစ်ပေါ်စေဖို့အတွက် မဝသေးခင် ဒီအချက်တွေကို လိုက်နာပေးလိုက်ပါ ။

Photo Credit - Google
Photo Credit - Google

သတင်း အရင်းအမြစ်Source - Google

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T