ဈေးပေါပေါနဲ့ အိမ်ကိုပြောင်းလာခဲ့ပြီးနောက် မထင်မှတ်တာတွေနဲ့ကြုံတွေခဲ့ရတဲ့ သားအဖ

//s9.kh1.co/76/76616a408c7e318b22d66791e44a6d669af440e1.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ခါတုန်းက အဖေဖြစ်သူနဲ့သားဖြစ်သူတို့ဟာ သူတို့ရဲ့မိန်းမနဲ့အမေကို ဆုံးရှုံးခဲ့ရပြီးနောက် အိမ်အသစ်တစ်လုံးစီကို ပြောင်းခဲ့ကြပါတယ်။ မပျော်ရွှင်ကြပေမယ့်လည်း နှစ်ယောက်လုံးဟာ စိတ်မကောင်းဖြစ်နေတာကို မဖော်ပြခဲ့ကြပဲ အကောင်းဆုံးနေထိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပြောင်းလာတဲ့ အိမ်ဟာဆိုရင် ရွာထဲမှာ နာမည်ကြီးနေတဲ့ သရဲခြောက်တဲ့အိမ်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=429,q=100/34/349576ab815d2464e964f83b6ccf5e87ef442a1f.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/d6/d6a3d70ada57f1af4e3d0e16a8dd2d52a28ca6f8.jpeg

သူတို့နှစ်ယောက်လုံးဟာ သရဲကိုအယုံအကြည်မရှိ‌တာကြောင့် ဈေးပေါပေါနဲ့ ပြောင်းလာခဲ့ကြပါတယ်။ အိမ်ပြောင်းတဲ့နေကစပြီး ကောင်လေးဟာ အ‌ဖေမရှိနေတဲ့အချိန်မှာ အိမ်ဖော်နဲ့ပဲ အချိန်တော်တော်များများကိုဖြတ်သန်းခဲ့ပါတယ်။ အိမ်ဖော်ကလည်း သူ့ကိုမုန့်တွေဘာတွေလုပ်ကျွေးလေ့ရှိပြီး သူ့ကိုသရဲရှိကောင်းရှိနိုင်တယ်ဆိုပြီး အသိပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကောင်လေးက သရဲကိုမယုံကြည်ကြောင်းပဲ ပြန်ပြောလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/4c/4c4dadd5ebe6f6dc7f12b50778ee0a700c8dd1d2.jpeg

တစ်နေ့မှာတော့ ကောင်လေးဟာ အဖေဖြစ်သူနဲ့ စကားတွေပြောမိပါတယ်။ စကားတွေပြောကောင်းနေတုန်းမှာ သူဟာ " အဖေရေ ကျွန်တော် ခုတလော တွေးမိတာ တစ်ခုရှိတယ်ဗျ၊ အဲ့တာက ကျွန်တော် သရဲတွေကို ယုံကြည်လာတာပဲ၊ ဘာကြောင့်ဆို အိမ်ဖော်က ဒီအိမ်မှာ သရဲရှိတယ်ဆိုပြီး ခဏခဏပြောနေလို့လေ " ဆိုပြီးပြောမိပါတယ်။ အဲ့နောက်အဖေဖြစ်သူလည်း " သားရေ အဖေတို့မှာ ဘာအိမ်ဖော်မှမရှိဘူး ၊ အဖေတို့ အိမ်ပြောင်းသင့်ပြီး " လို့ ပြောလိုက်ပါတော့တယ်။

https://s9.kh1.co/__image/w=554,h=554,q=100/0c/0c4cbcf44fb10e7d42a14e613d3e5704c28b12cd.jpeg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T