၃ မိနစ်အတွင်း လေယာဉ်အဖြစ်သို့ပြောင်းလဲနိုင်ပြီး ပျံသန်းနိုင်တဲ့ လေပေါ်ကားရဲ့ရုပ်သံ

//s9.kh1.co/10/10f1459a33dd45174ae5698b8079ec56f1a75680.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

သုံးမိနစ်အတွင်း လေယာဉ်အဖြစ်သို့ ပြောင်းလဲသွားသည့် CAR တစ်စီးကို လူသားတွေတ‌ီထွင်ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ အထင်ကြီးစရာကောင်းတဲ့ ဒီယာဉ်ကို AirCar V5 လို့ခေါ်ပြီး ဒီကားပျံကို ပါမောက္ခတစ်ဦးဖြစ်တဲ့ Slovakian က လွန်ခဲ့တဲ့ နှစ် 30 ပတ်လုံး ကြိုးစား ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ မကြာသေးမီက YouTube ဗီဒီယိုတစ်ခုတွင် ပရော်ဖက်ဆာ Stefan Klein ဟာ ပေ 1,500 မြင့်တဲ့ ပျံသန်းမှုနှစ်ခုကို ပြီးမြောက်အောင် ပြုလုပ်ခဲ့တာကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b2/b273f596552e791ab121f25039259fb2904ef118.jpg
https://s9.kh1.co/__image/w=650,h=342,q=100/5e/5e8b5211c33a24de310016648338520bebd34fba.jpg

ဒီစမ်းသပ်ချက်ကိုတော့ Slovakia မှာရှိတဲ့ Piestany လေဆိပ်မှာ စမ်းသပ်ခဲ့ပါတယ်။ Klein ဟာသူ့ရဲ့ ပျံသန်းနေသော ကားများကို ချမ်းသာသူများထံ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားပြီး ဝယ်သူရှိပြီးသားဟု ပြောထားပါတယ်။ Klein ဟာသူ့ ကုမ္ပဏီကို Klein-Vision လို့ခေါ်ပါတယ်။ ဒီပျံသန်းနိုင်တဲ့ကားကို BMW 1.6 လီတာအင်ဂျင်ဖြင့် မောင်းနှင်ထားပြီး 125 မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ စမ်းသပ်ပျံသန်းမှုဗီဒီယိုတွင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပျံသန်းရန်အသင့်ရှိသော တောင်ပံများအဖြစ်သို့ ပြောင်းလဲမောင်းနှင်နိုင်ကြောင်း ပြသထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/84/840bf5eed531d60d3ee786ad7054188c43e70d9c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/d6/d6aed6cc075d9d1e11ed368c13c1a1b4c9f5e094.jpg

ကောင်းကင်မှာ ကားတစ်စီးပျံသန်းနိုင်ဖို့ မီတာ 300 ပဲ လိုပါတယ်။ စီးပွားရေးပူးတွဲတည်ထောင်သူ Anton Zajac က “ AirCar နဲ့ လေဆိပ်ကိုစီးပြီး လုံခြုံရေးကို ဖြတ်သန်းစရာမလိုဘဲ သင့်ခရီးဆုံးကိုရောက်မှာဖြစ်ပါတယ်၊ AirCar ကို ဂေါက်ကွင်း၊ ရုံး၊ ကုန်တိုက် ဒါမှမဟုတ် ဟိုတယ်ကို မောင်းနှင်နိုင်ပါတယ်။ ပြီးတော့ သာမာန်ကားပါကင်မှာပဲ ပါကင်နိုင်ပါတယ် ” လို့ပြောပြခဲ့ပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ မပြောသေးပါဘူး။

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T