No Way Home ပြီးရင် Spider-Man တွေအများကြီးကို မြင်ရမဲ့ ဇာတ်ကား

//s9.kh1.co/3f/3fa2496ff75d7b66c2d4f38d6c2f3cdd02ae2a7d.jpg
ဖျော်ဖြေရေးများ

 ၀၇-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

နိုင်ငံတော်တော်များများမှာ ရုံတင်ဖို့ သိပ်မလိုတော့တဲ့ Spider-Man:No Way Home ကိုစောင့်နေရင်းနဲ့ပဲ နောက်ထပ် Spider-Man ဇာတ်လမ်းတစ်ခုကို Sony က ထပ်ချပြန်လိုက်ပြန်ပါပြီ Trailer လေးတစ်ခုတည်းထဲ ထွက်လာတာဆိုပေမဲ့ တော်တော်မိုက်တဲ့ Trailer ဖြစ်တာကြောင့် No Way Home အကြောင်းကိုတောင် သိပ်မပြောကြတော့သလိုပါပဲ အရင်ထွက်ရှိထားခဲ့ပြီး ဇာတ်ကားတစ်ကားရဲ့ Sequel ဖြစ်ပါတယ် ဇာတ်ကားအသစ်ဟာ နှစ်ပိုင်းရှိမှာဖြစ်ပြီး ခု Trailer ထွက်လာတာက Part 1 ဖြစ်ပါတယ်

Into The Spider-Verse
Into The Spider-Verse

၂၀၁၈ ကထွက်ခဲ့တဲ့ Spider-Man:Into The Spider-verse ရဲ့အဆက်ပါ ၂၀၁၈ ဇာတ်ကားတုန်းကလည်း အရင်ကတခါမှ မမြင်ခဲ့ဖူးတဲ့ Animation တွေရယ် ဇာတ်လမ်းကောင်းကောင်းရယ်‌ Universe အစုံက Spider-Man တွေ အများကြီးပါ‌တာကြောင့် အရမ်းနာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ခု Across The Spider-verse မှာ Mile Moral အဖြစ် Shaneik Moore က အသံသရုပ်ဆောင်ထားပြီး Gwen Stacy အဖြစ်ကတော့ Hailee Steinfeld ကသရုပ်ဆောင်ထားပါတယ် သူမဟာ Marvel စီးရီး Hawkeye မှာလည်း Kate Bishop အဖြစ် သရုပ်ဆောင်ထားတာကြောင့် MCU ထဲမှာလည်း သရုပ်ဆောင်အဖြစ် ရှိနေသူတစ်ဦးပါ Spider-Man:Across the Spider-verse ကို ၂၀၁၉ မှာ စကြေညာခဲ့ပြီး ၂၀၂၀ မှာ စတင်ပြုလုပ်ခဲ့ပါတယ် အမေရိကန်မှာ ‌ဧပြီလ ၂၀၂၂ မှာ ပြသမယ်လို့ ရည်ရွယ်ထားပေမဲ့ ကိုဗစ်ကြောင့် အောက်တိုဘာ ၇ ရက် ၂၀၂၂ အထိကို နောက်ဆုတ်သွားပါတယ် ၂၀၂၃ မှာ Part 2 ထွက်မယ် အတည်ပြုထားပြီး Gwen Stacy ကိုအဓိကဇာတ်‌ကောင်နေရာမှာထားတဲ့ ဇာတ်ကားတစ်ကား လုပ်နေကြောင်းကိုလည်း ပြောထားပါတယ်

From Across The Spider-Verse Trailer
From Across The Spider-Verse Trailer

Trailer ထဲမှာတော့ Mile Moral ဆီကို Gwen ကရောက်လာပြီး တခြား Universe တွေကို သွားဖို့ လာခေါ်တာဖြစ်ပါတယ် အရင်ဇာတ်ကားတုန်းက တခြား Spider-Man တွေက Mile ရဲ့ Universe ကိုလာတာဖြစ်ပြီး ဒီကားမှာတော့ Mile က တခြား Universe တွေကို သွားပြီး Spider-Man တွေလိုက်စုရင်း စူပါဗီလိန်ကို တိုက်ခိုက်မှာဖြစ်ပါတယ် Trailer ထဲမှာ လုံးဝအသက်ရှူမှားလောက်စရာ Animation တွေကို မြင်ရမှာပါ ပြီးတော့ Mile Moral ကိုတိုက်ခိုက်တဲ့ Spider-Man က Into the Spider-verse credit scene ထဲမှာပါတဲ့ Spider-Man 2099 ကြီးပဲဖြစ်ပါတယ်

From Across The Spider-Verse Trailer
From Across The Spider-Verse Trailer

သူတို့ရဲ့ Fight-scene အသေးစားလေးကကို အရမ်းမိုက်တဲ့ Fight-scene ဖြစ်နေပါတယ် ရုပ်ရှင်ထွက်လာရင်တော့ ဘယ်လောက်ကောင်းမလဲ တွေးကြည့်လို့ရပါတယ် Spider Symbol တွေကိုပြတဲ့အချိန်မှာလည်း တခြား Universe က စပိန် Spider-Man အိန္ဒိယ Spider-Man နဲ့ Takuya Yamashiro လို့ ခေါ်တဲ့ ဂျပန် Spider-Man တွေကိုပါ မြင်ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြတာကြောင့် တကယ်ဖြစ်လာရင်တော့ Into the Spider-verse ထက် ပိုအောင်မြင်မဲ့ ဇာတ်လမ်းဖြစ်လာမှာပါ 

No Way Home ကိုကြည့်ပြီး သိပ်မစောင့်ရပဲ Across the Spider-verse ကိုကြည့်ရမှာ‌ဖြစ်ခဲ့ပေမဲ့ ကိုဗစ်ကြောင့် အကြာကြီး ထပ်စောင့်ရမှာကတော့ စိတ်မကောင်းစရာပါပဲ Tom Holland ရဲ့ Spider-Man ကလည်း No Way Home ပြီးရင် နောက်ထပ် သုံးကားလောက် ထပ်ထွက်ဦးမယ် ဒီ Across The Spider-verse ကလည်း Part 2 ထပ်ထွက်ဦးမှာကြောင့် နောက်သုံးလေးနှစ်လောက်တော့ Spider-Man ကားတွေ တဝကြီး ကြည့်ရဦးမှာပါ Part 1 နဲ့ Part 2 ကြားစောင့်ရမဲ့ အချိန်ကတော့ တော်တော်လေးကို စိတ်မရှည်ဖြစ်ရမဲ့ အချိန်ပါပဲ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T