အင်းစိန်ထောင်ထဲနေခဲ့ရတဲ့ ကာလတစ်လျှောက်မှာ လေယာဉ်ပျံသံကြားတိုင်း အားကျခဲ့ရတဲ့ ခံစားချက်လေးကို ဖွင့်ဟလာခဲ့တဲ့ မေဦးမောင်

//s9.kh1.co/38/3836d7e12b0f68d2c373465b64c7ad53e50c353c.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မိတ်ကပ်လောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မိတ်ကပ်ပညာရှင် မေဦးမောင်ကိုတော့ ပရိသတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။ မေဦးမောင်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဒီလိုပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် မေဦးမောင်ဟာ ၅၀၅(က)ဖြင့် ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရပါတယ်။

Photo Credit - May Oo Maung
Photo Credit - May Oo Maung
Photo Credit - May Oo Maung
Photo Credit - May Oo Maung

ယင်းနောက်မှာတော့ မေဦးမောင်ဟာ အင်းစိန်ထောင်ထဲမှာ လပိုင်းလောက် ချုပ်နှောင်းမှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့ လပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်လာတဲ့ အချိန်တုန်းကလည်း ချစ်ရတဲ့ သူတွေက မေဦးမောင်ကို ချီးကျူးဂုဏ်ပြု ပေးကြတာ တွေ့ရပါတယ်။ ယခုမှာတော့ မေဦးမောင်ဟာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အချိန်တုန်းက ခံစားခဲ့ရတဲ့ အဖြစ်လေးကို သတိရကာ ပြန်လည်ပြောပြလာခဲ့တာ တွေ့ကပါတယ်။

Photo Credit - May Oo Maung
Photo Credit - May Oo Maung
Photo Credit - May Oo Maung
Photo Credit - May Oo Maung

ဒါကတော့ အင်းစိန်ထောင်ထဲမှာ သူမ နေခဲ့ရတဲ့ ကာလ တစ်လျောက်မှာ လေယာဉ်ပျံသံကြားတိုင်း လွတ်လပ်စွာ သွားလာခွင့်ရနေတဲ့ သူတွေကို အားကျမိတာလေးပါ။ ဒီလိုဖြစ်ဖူးခဲ့တဲ့ ခံစားချက်တွေကို ယခုအချိန်ထိ မေ့လို့မရဘဲ ရှိနေသေးကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ သူတွေကို အားလုံးကို လွတ်မြောက်ပါစေလို့လည်း ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=475,q=100/e5/e5589c2acb2e664fa676b3bdd750ac4fbbfe51d7.jpg

သတင်း အရင်းအမြစ်Source - May Oo Maung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T