ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားမင်းသမီး Bright နှင့် Davika တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Astrophile

//s9.kh1.co/82/8273328a971f8b79f0fdc267e0f5a494dbb572b8.jpg
ဖျော်ဖြေရေးများ

 ၀၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားမင်းသမီး Bright နှင့် Davika တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Astrophile

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Bright Vachirawit နှင့် Mai Davika တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Astrophile ဟာဆိုရင်မထွက်ခင်ကတည်းက အရမ်းကို နာမည်ကြီးနေတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် တစ်ချိန်တစ်ခါ ကျောင်းသားဘဝတုန်းက မြင်မြင်ချင်း ချစ်မိခဲ့သွားတဲ့ ကောင်မလေးတစ်ယောက်ကို ဘယ်တော့မှ ပြန်ပြီးမမေ့နိုင်တော့တဲ့အထိ စွဲလန်းမိသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အရမ်းချော အရမ်းလှလွန်းပြီး ပြိုင်ဘက်တွေ များလွန်းလှတဲ့ ကောင်မလေးတစ်ယောက်ကိုမှ စွဲလန်းမိသွားတဲ့ ကောင်လေးက ကောင်မလေးရဲ့ နှလုံးသားကို ရအောင်ယူနိုင်မှာလားဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးထွက်ရှိလာမယ့်နေ့ကတော့ ၂၀၂၂ ခုနှစ်ထဲမှာလို့ သိရပါတယ်။

&nbsp; IG bbrightvc<br>
  IG bbrightvc

အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ထိုင်းနိုင်ငံမှာသာမက အာရှမှာပါ နာမည်ကြီးပြီးသားမင်းသားမင်းသမီးတွေဖြစ်တဲ့ Bright နှင့် Davika တို့ ပါဝင်သရုပ်ဆောင်မှာဆိုတော့ လုံးဝကို ကြည့်လို့ကောင်းနေမှာပါ။ Bright နှင့် မမ Davika တို့က ဒီဇာတ်လမ်းထဲမှာ ပထမဦးဆုံးတွဲရိုက်ဖြစ်ကြတာဆိုပေမယ့် Chemistry ကတော့ အရမ်းကို မိမိုက်နေတာပါပဲ။

&nbsp; IG bbrightvc<br>
  IG bbrightvc

နမူနာ ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်သွားလိုက်ပါဦး။

Astrophile (Trailer)

“တိတ်ဆိတ်တဲ့ညတွေမှာဆိုရင် လူတွေက သူတို့ ဝါသနာပါရာ အလုပ်တွေကိုလုပ်ရင်းဖြတ်သန်းကြတယ်။ ကျွန်တော်ကတော့ ကျယ်ပြန့်တဲ့ကောင်းကင်ကြီးကိုကြည့်ပြီး သူမရဲ့ မျက်နှာကိုပဲ ပြန်မြင်ယောင်နေမိပါတယ်။ သူမသာ ကျွန်တော့်ကို ခွင့်လွှတ်ပေးပြီး ရွေးချယ်ပေးမယ်ဆို ဒီကောင်းကင်မှာရှိတဲ့ ကြယ်တွေအားလုံးကို ရေတွက်နိုင်တယ်”

ဒါလေးကတော့ Astrophile ရဲ့ နမူနာဗီဒီယိုလေးထဲက စာသားအကျဉ်းလေးတွေပဲဖြစ်ပါတယ်။ နမူနာ ဗီဒီယိုနဲ့တင် နိုင်ငံတကာက ပရိတ်သတ်တွေဟာ  Astrophile ထွက်လာမယ့်နေ့ကို မစောင့်နိုင်တော့တဲ့အထိကို ရိုးတိုးယွတ ဖြစ်နေကြပါပြီ။

Astrophile
Astrophile
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T