ယမန်နေ့ ဒီဇင်ဘာ(၆)ရက်နေ့ ညနေ (၆)နာရီခန့် မှာ ကားတစ်စီးဟာ ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့ ဆယ်မိုင်ကုန်း အနီးမှာ မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်လာခဲ့ပါတယ်။
ထိုမီးလောင်မှုအတွက် အင်းစိန်မြို့နယ် မီးသတ်စခန်း မှ မီးသတ်ယာဥ် (၁)စီး ၊ မြောက်ဥက္ကလာပမြို့နယ် မှ မီးသတ်ယာဥ် (၂)စီး အကူအညီဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။
အဆိုပါ ကားမီးလောင်မှုဟာ ညနေ(၆)နာရီခန့်မှ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ (၆း၃၇)နာရီခန့်မှာတော့ မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဆိုပါတယ်။