ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက စစ်ကောင်စီရဲ့ သံတမန်ကို လက်မခံနိုင်ကြောင်း တရားဝင်ငြင်းပယ်ရွှေ့ဆိုင်း

//s9.kh1.co/77/77292468cd86326430fdaf3b76a380c79fa2ef83.jpg
နေ့စဉ်သတင်းများ

 ၀၇-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ဟာ လက်ရှိမှာ စစ်ကောင်စီကတင်ပြလာတဲ့ သံတမန်ကို လက်မခံဘဲ တရားဝင်ငြင်းပယ် ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တစ်ဦးတည်းကိုသာ ကုလသမဂ္ဂ ရဲ့ သံတမန်အဖြစ် တရားဝင် ရပ်တည်ခွင့် ဆက်လက်ရရှိကြောင်း ကုလသမဂ္ဂက ကြေငြာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ကုလသမဂ္ဂအရည်အချင်း စိစစ်ရေးကော်မတီ ရဲ့ တင်ပြချက်ကို မဲခွဲခြင်းမရှိဘဲ အားလုံးကတစ်ညီတစ်ညွတ်တည်း လက်ခံ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး မြန်မာနှင့် အာဖဂန်နိုင်ငံမှ အာဏာသိမ်းထားသူများက တင်ပြလာတဲ့ သံတမန်များကို အစားထိုးရန် ကြိုးပမ်းမှု လုပ်ဆောင်ချက်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆွီဒင်နိုင်ငံသံအမတ်ကြီး Anna Karin Eneström က “ မြန်မာနိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်၊ အာဖဂန်နစ္စတန် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေကို (၇၆) ကြိမ်မြောက်အထွေထွေညီလာခံအထိ ရွှေ့ဆိုင်းလိုက်တယ်" လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ကမ္ဘာ့ကုလသမဂ္ဂညီလာခံ ရဲ့ ဆုံးဖြတ်မှုကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအနေနဲ့ (၂၀၂၂) ခုနှစ် ၊ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်ခွင့် ရရှိမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T