နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် ကို စစ်ကောင်စီက ထောင်ဒဏ် (၂) နှစ် လျှော့

//s9.kh1.co/2c/2c662507fd2cadd45d578cecf8b9ef48bb93024e.jpg
နေ့စဉ်သတင်းများ

 ၀၇-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ယမန်နေ့ ဒီဇင်ဘာ(၆)ရက်နေ့က.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ ဒီဇင်ဘာ(၆)ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့်ကို နေပြည်တော်အထူးတရားရုံး၌ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် (၂)နှစ်၊ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် (၂) နှစ် ၊ စုစုပေါင်း ထောင်ဒဏ် (၄) နှစ် စီချမှတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယမန်နေ့ ဒီဇင်ဘာ (၆)ရက် ည (၈)နာရီသတင်းမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်အား ထောင်ဒဏ် (၂) နှစ် လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေငြာခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကိုပို့မှာမဟုတ်ဘဲ လက်ရှိ ထိန်းသိမ်းထားရာနေရာမှာပဲ ဆက်ထားမယ်လို့ လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဖေဖော်ဝါရီ (၁) ရက်နေ့တည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ လက်ရှိဖမ်းဆီးခံ ချုပ်ရက်တွေကိုနှုတ်လိုက်ရင် ထောင်ဒဏ် (၁) နှစ်နဲ့ (၂) လပဲ ကျခံရမှာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေပါတဲ့ နောက်ထပ် အမှု (၉) မှုအထိ ဆက်လက် ရင်ဆိုင်ရဦးမှာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T