ကြည့်မြင်တိုင်ဖြစ်စဉ်မှာ ကားဘရိတ်ပေါက်တယ်ပြောပြီး ဖုံးကွယ်လို့မရဘူးဆိုတဲ့ အကြောင်းကို ပြန်လည်မျှဝေလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ

//s9.kh1.co/d5/d56a3b7cdc26eb1c9ac4aa5332dfbd3b6a5baf10.jpeg
အနုပညာရှင်များ

 ၀၆-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

နိုင်ငံတကာသတင်းရဲ့ ခေါင်းကြီးပိုင်းမှာတောင် ပါလာပြီနော် ...

ဒီဇင်ဘာလ (၅)ရက်နေ့  မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့်သပိတ်စစ်ကြောင်း ကားတိုက်ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုက ဝမ်းနည်းကြေကွဲနေကြတာပဲဖြစ်ပါတယ်။ 

Photo Credit : Min Ko Naing’s FB Acc
Photo Credit : Min Ko Naing’s FB Acc

အဆိုပါသတင်းက နိုင်ငံတကာ သတင်းတွေရဲ့ ခေါင်းကြီးမှာ ဖော်ပြခံထားရတဲ့ ပုံလေးတွေကို ကိုမင်းနိုင်က ကဗျာလေးတစ်ပုဒ်စပ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။  ဒါရိုက်တာ သည်ခေတ်နေက ကားဘရိတ်ပေါက်တယ်ဆိုပြီးဖုံးကွယ်လို့မရဘူးဆိုတဲ့ အကြောင်းကို ကိုမင်းကိုနိုင် ရေးသားထားတဲ့ ကဗျာလေးနဲ့ ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Min Ko Naing’s FB Acc
Photo Credit : Min Ko Naing’s FB Acc

" “တင်ကူးကြံစည်လူသတ်ပွဲကို ကားဘရိတ်ပေါက်တယ်ပြောပြီး ဖုံးကွယ်လို့မရတော့ဘူး။ 

ပြည်သူ”ညီ”လို့ ကမ္ဘာကြီးမှာ ပဲ့တင်မြည်နေပြီ”

#

#

အိုတရားရှင်...

လူသာမန်တို့ စိတ်နှင့်ပင်

မကြံစည်ဝံ့သော

ရက်စက်ရိုင်းစိုင်းမှုအား

မည်သည့်လက်နက်အင်အား

ဥာဏ်နီဥာဏ်နက် 

အမိန့်နှင့်နှုတ်ထွက်စကားတို့ကြောင့်မျှ

ရှင်သန်ခွင့်မပြုပါနှင့် ။

.

ယုတ်မာညစ်ထေးမှုတို့၏

ရဲတိုက်သည်

မည်မျှ လုံခြုံခိုင်ခံ့သည်ဖြစ်စေ

မှန်သော တရားစီရင်ခြင်းက

သိမ်းပိုက်နှိမ်နင်းနိုင်ပါစေ။ 

.

အိုတရားရှင်...

သစ္စာမြှားသည်

သမာဓိလေးညှို့မှ

ဖြောင့်မှန်စွာ ထွက်ပြီး

အဓမ္မပြုသူထံ

ကောင်းစွာထိမှန်ပါစေသတည်း....။    ။" ဆိုပြီး သူရဲ့လူမှုကွန်ယက်ထက်မှာ ပြန်လည်မျှဝေရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit: The Khit Nay’s FB Acc
Photo Credit: The Khit Nay’s FB Acc
Photo Credit: The Khit Nay’s FB Acc
Photo Credit: The Khit Nay’s FB Acc

Source: Min Ko Naing’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T