တိမ်စိုင်တိမ်ခဲများဖြင့်လှချင်တိုင်းလှနေသည့် မုလအိတောင်မှ တိမ်ပင်လယ်မြင်ကွင်းပုံရိပ်များ

//s9.kh1.co/9b/9bf66724875a9816ee601961d10777ccb10f3f0e.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

တိမ်စိုင်တိမ်ခဲများဖြင့်လှချင်တိုင်းလှနေသည့် မုလအိတောင်မှ တိမ်ပင်လယ်မြင်ကွင်းပုံရိပ်များ

မုလအိတောင်ဟာ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အရှေ့တောင်ဘက် မိုင်ပေါင်း ၁၀၀ ကျော်အကွာအဝေး ၊ ကြာအင်းဆိပ်ကြီးမြို့မှာရှိတဲ့ တောင်ကြီးဖြစ်ပါတယ်။ အမြင့်ပေ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်တဲ့ တောင်ကြီးဖြစ်ပြီး ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။

Photo - Crd
Photo - Crd
Photo - Crd
Photo - Crd
Photo - Crd
Photo - Crd

မုလအိတောင်ရဲ့ ဘေးဘတ်ဝဲယာမှာဆိုရင် လှပလွန်းလှတဲ့ ရှုခင်းတွေရှိပြီး တစ်ခါတစ်ရံ အခုလိုမျိုး တိမ်ပင်လယ်ကြီးများကိုလည်း မြင်တွေ့ရလေ့ရှိပါတယ်။ မုလအိတောင်ထိပ်တွင်လည်း အရမ်းကို ကြည်ညို သပ္ပါယ်ဖွယ်ကောင်းလွန်းလှတဲ့ ဆံတော်ရှင် မုလအိ ၊ မုလအ စေတီတော်တို့ကို ဖူးမျှော်နိုင်ပါတယ်။

Photo - Crd
Photo - Crd
Photo - Crd
Photo - Crd

မုလအိတောင်တွင် သစ်ခွပန်းမျိုးစုံပေါက်ရောက်ပြီး ဆေးဖက်ဝင်အပင်တွေလည်း အများကြီးရှိပါတယ်။ အခြားထူးခြားတဲ့ သစ်မင်း ၊ သစ်မင်းရာဇာ ၊ တောင်ကလပ်ကဲ့သို့သော အပင်များအပြင် သဇင်ဖြူ သဇင်နီ စသည့် ရှားပါးပင်များလည်း ပေါက်ရောက်နေသည်ဟု သိရပါတယ်။

Photo - Crd
Photo - Crd
Photo - Crd
Photo - Crd

အခုလို မုလအိတောင်မှာ တိမ်ပင်လယ်များ ထွန်းနေသည့်ပုံဟာလည်း  ကြုံထောင့်ကြုံခဲ မြင်ကွင်းဖြစ်ပြီး အချိန်နေအချိန်ခါ သင့်မှသာ မြင်တွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လှပလွန်းလှသည့် တိမ်ပင်လယ်မြင်ကွင်းပုံရိပ်တွေကို အားလုံး ကြည့်လို့ရအောင် ဒီကနေ ဝေမျှပေးလိုက်ရပါတယ်နော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T