သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်လျက်ရှိနေခဲ့တာ ဖြစ်ပြီး အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ မိုက်လွန်းတဲ့ ကောက်ကြောင်းအလှတရားတွေကြောင့် ပုရိသတွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားဆိုလည်းမမှားပါဘူး။
အေးဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီကာလအတွင်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများသာမက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။အခုလိုမျိုး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆို ထားကြတာ ဖြစ်ပြီး တိမ်းရှောင်နေတာ ယနေ့အချိန်အထိပဲဖြစ်ပါတယ်။
အိမ်နဲ့ဝေးကွာနေရတာကြာပြီမို့ မိသားစုတွေကို သတိရနေတဲ့အကြောင်းလေးကို သူမရဲ့အမေနဲ့စကားပြောဖြစ်ခဲ့တဲ့Screenshot လေးကို ပြသပြီး ရင်ဖွင့်လာတာ ဖြစ်ပါတယ်။ “အမေ့ကိုသတိရတယ်။ အဖေဖျော်ပေးတဲ့ထောပါတ်သီးဖျော်ရည်လဲ အငယ်မနဲ့လုသောက်ချင်တယ် ။ သီးရွက် က ထောပါတ်သီးလဲစားချင်တယ်လေ ” ဆိုပြီး သူမရဲ့လူမှုကွန်ယပ်ထပ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
Source : Aye Thaung's Fb Acc