နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ

//s9.kh1.co/9f/9f3003fbac0db55d317381d08ccc9bf2cfb57b97.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို ၂၀၁၆ ခုနှစ် ၊ ဇွန်လ ၁၉ ရက်နေ့ ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နော်ဝေနိုင်ငံ ဖရိုလန်ပြည်မှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဟာ မြန်မာနိုင်ငံနှင့်နော်ဝေနိုင်ငံကြားမှာရှိတဲ့ ချစ်ကြည်ရင်းနှီးမှု သင်္ကေတကို ပြသတဲ့ အမှတ်အသား တစ်ခုဆိုရင်လည်း မမှားပါဘူး။

Google
Google

နော်ဝေနိုင်ငံ ဖရိုလန်ပြည်ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဟာ စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းက ခရီးသွားများစွာ လာရောက်လည်ပတ်ခဲ့ကြတဲ့နေရာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာပဲပန်းခြံကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Google
Google

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့ရောက်တိုင်းမှာလည်း ပြည်တွင်းပြည်ပမှ ဂီတအနုပညာရှင်များ ၊ နိုင်ငံရေးပညာရှင်များ နှင့် ဘာသာရေးခေါင်းဆောင်များက ပန်းခြံမှာ ဂုဏ်ပြု ဖျော်ဖြေပွဲများ အတူတကွကျင်းပပေးလေ့ရှိပါတယ်။

Google
Google
Google
Google

နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဟာ မြန်မာနိုင်ငံသားများအတွက်သာမက နော်ဝေနိုင်ငံသားများအတွက်ပါ အမြတ်တနိုး တန်ဖိုးထားရတဲ့ ငြိမ်းချမ်းရေးသင်္ကေတ ပန်းခြံတစ်ခု ဖြစ်ပါတယ်။

Google
Google

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဟာ ကမ္ဘာ့မြောက်ဘက်စွန်း ၊ နော်ဝေနိုင်ငံရှိ ၊ ဖရိုလန်ပြည်နယ်မှာတည်ရှိပြီး ကမ္ဘာ့အထင်ကရ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T