မိန်းမဖြစ်သူရဲ့ စောဒကတက်မှုကြောင့် လှည့်လို့ရတဲ့ အိမ်ကိုဆောက်ပေးလိုက်တဲ့ အမျိုးသားရဲ့ရုပ်သံ

//s9.kh1.co/c6/c6c1dd875172b2f58ef3cdde99eef7a4b60fa992.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မိသားစုအိမ်မှ ပိုမိုကွဲပြားသော မြင်ကွင်းကိုမြင်လိုသော ဇနီးသည်ဖြစ်သူအား စိတ်ကျေနပ်စေရန် ယောက်ျားဖြစ်သူက လှည့်လို့ရတဲ့ အိမ်တစ်လုံးကို ဆောက်လုပ်ခဲ့ပေးခဲ့ပါတယ်။ ဒါကြောင့် နေထွက်တဲ့အချိန်ကိုလည်း ကြည့်ရှုနိုင်ပြီး နေ၀င်တြဲအချိန်ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ "သူမရဲ့ ညည်းညူမှုတွေနဲ့ မိသားစုအိမ်ကို မကြာခဏ ပြုပြင်မွမ်းမံရတာကို ကျွန်တော် ငြီးငွေ့လာခဲ့ပြီး ကျွန်တော်လည်း မိန်းမဖြစ်သူကို မင်းဆန္ဒအတိုင်း လှည့်ပတ်နိုင်တဲ့ အိမ်တစ်လုံးကို ငါဆောက်လိုက်မယ်" လို့ အသက် 72 နှစ်အရွယ် Vojin Kusic က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဧည့်သည်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ သူ့ရဲ့ အိမ်ကတော့ အသစ်အဆန်းပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/df/df9f317014284999dda6efa8aa401632e3cade37.jpg
https://s9.kh1.co/__image/w=650,h=434,q=100/72/727b82ff02dddd48c88b7188d5a8476da528f0fa.jpg

ဘော့စနီးယားမြောက်ပိုင်း Srbac မြို့အနီးတွင် တည်ရှိပါတယ်။ "အိမ်က အနှေးဆုံး မြန်နှုန်းမှာ ၂၄ နာရီပတ်လုံး စက်ဝိုင်းတစ်ခုလို လည်ပတ်နိုင်ပြီး အလျင်မြန်ဆုံး လှည့်တဲ့အခါ ၂၂ စက္ကန့်အတွင်း စက်ဝိုင်းပြည့်အောင် လှည့်နိုင်ပါတယ်" လို့ Kusic က ပြောကြားခဲ့ပါတယ်။ သူ့မိန်းမက အိမ်သစ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးချင်သလို ဘာမှလည်းမပြောပါဘူး။ Kusic က သူ့ကို Serbian-American တီထွင်သူ Nikola Tesla နှင့် Mihajlo Pupin တို့မှ လှုံ့ဆော်ပေးခဲ့ပြီး ဆင်းရဲတဲ့ မိသားစုမှ ဆင်းသက်လာခြင်းကြောင့် သူ့ဘာသာသူ ဖန်တီးရန် နည်းလမ်းများကို ရှာဖွေရန် တွန်းအားပေးခဲ့ကြောင်း Kusic က ပြောပြခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/b4/b47f68019a0d054231f3fa77348de708f5f0ead2.jpg
https://s9.kh1.co/__image/w=610,h=400,q=100/aa/aa4018c27c613a273d7adb9a675c32e019243ef5.download

"ဒါဟာ ဆန်းသစ်တီထွင်မှုတစ်ခုမဟုတ်ပါဘူး၊ စိတ်ဓာတ်နဲ့ အသိပညာတွေပဲ လိုအပ်ပါတယ်၊ ပြီးတော့ ကျွန်‌ေတာ်မှာ အချိန်နဲ့ အသိပညာ အလုံအလောက်ရှိပါတယ်" လို့ သူကိုယ်တိုင် အိမ်ကို ဆောက်ခဲ့တာလို့လည်း သူက ပြောပါတယ်။ နှလုံးရောဂါကြောင့် ဆေးရုံတက်ဖို့ အချိန်ကလွဲရင် ဒီပရောဂျက်က ခြောက်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အိမ်ဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အိမ်များထက်စာလျှင် ပို၍ ခံနိုင်ရည်ရှိကြောင်း ပြောပါသေးတယ်။ "ကျွန်တော့်ခေါင်းထဲမှာ ဒီပရောဂျက်ရှိနေလို့ (ကျွန်တော့်အသက်) ကို အနည်းဆုံး တစ်နှစ်လောက်ကြာအောင် ကြိုးစားဖို့ ဆရာဝန်တွေကို တောင်းဆိုခဲ့တယ်၊ ပြီးတော့ ဒီအိမ်ကိုပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။"

သတင်း အရင်းအမြစ်IOL

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T