သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေသူလေး ဖြစ်ပါတယ်။ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်စားသောက်ကုန်တွေ ပေးဝေလှုဒါန်းနေတဲ့အပြင် ရင်သွေးလေးများဂေဟာမှာ နေထိုင်တဲ့ ကလေးငယ်တွေအကုန်လုံးကိုတန်းတူရည်တူဆက်ဆံပြီး မေတ္တာတွေအပြည့်အဝပေးတာဖြစ်ပါတယ်။
မိဘမဲ့ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ သူမဆီမှာ အကူအညီလာတောင်းသမျှတွေကိုလည်း တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သန်လျင်ကနေ မွေးကင်းစ (၂)ရက်သာရှိသေးတဲ့ သမီးငယ်လေးကို ထပ်မံခေါ်ယူမွေးစားခဲ့တာလည်း ဖြစ်ပါတယ်။
"သန်လျင်မှ စနေသမီး (၈) ပေါင်ကျော် ရှိ (၂)ရက် သမီးငယ်လေးကို ထပ်မံ ခေါ်ယူမွေးစားဖြစ်ပါတယ်ရှင်..???" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေရေးသားခဲ့တာ ဖြစ်ပါတယ်။ လိုအပ်နေသူတိုင်းကို အမြဲကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်အတွက် တင်ဆက် မျှဝေပေးလိုက်ပါတယ်။
Source : Khine Hnin Wai's Facebook Acc