ပရိသတ်တစ်ယောက်မှမရှိခဲ့သည့် မြန်မာအသင်း စင်ကာပူအသင်းအား ရှုံးနိမ့်

//s9.kh1.co/88/8805b86a1aa37d3bc226843d6bd052a090e13d8e.jpg
အားကစားသတင်းများ

 ၀၆-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ပရိသတ်တစ်ယောက်မှမရှိခဲ့သည့် မြန်မာအသင်း စင်ကာပူအသင်းအား ရှုံးနိမ့်

ယမန်နေ့ညက စကစ လက်အောက်ခံ မြန်မာနိုင်ငံကိုယ်စားအဖြစ် AFF Suzuki Cup 2020 အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်း က စင်္ကာပူအသင်းနှင့်ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ စင်ကာပူနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်ဖြစ်ပြီး မြန်မာအသင်းပွဲကြည့်စဉ်တွင်လည်း အားပေးမယ့် ပရိသတ်များ မရှိခဲ့ပါ။ ဘောလုံးပွဲတွင်မြန်မာအသင်းဘက်က ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

Photo - Crd
Photo - Crd

စင်ကာပူနိုင်ငံရောက်နေသူများလည်းလည်း သပိတ်မှောက်သည့်အနေဖြင့် မြန်မာအသင်းကို သွားရောက်အားမပေးခဲ့ကြတာကို လူသူကင်းမဲ့နေသော မြန်မာဘက်က ပွဲကြည့်စဉ်များက သက်သေပြလို့နေပါတယ်။

Photo - Crd
Photo - Crd

အရင်နှစ်တွေကဆိုရင် စင်ကာပူမြန်မာဘောပွဲဆိုရင် အားပေးသူများဖြင့် စည်ကားနေသလောက် ဒီနှစ်မှာတော့ မြန်မာတွေရဲ့စိတ်ဓာတ်ခံယူချက်ပြတ်သားပုံကို  ထင်ထင်ရှားရှား တွေ့လိုက်ရတာပဲဖြစ်ပါတယ်။

Photo - Crd
Photo - Crd

အားပေးသူတစ်ယောက်မှမရှိခဲ့သည့်မြန်မာအသင်းဟာ စင်ကာပူအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သလို မြန်မာပြည်သူပြည်သားတွေရဲ့ အားပေးမှုကိုလည်း မရရှိခဲ့ပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ Social Punishments ပဲဖြစ်ပါတယ်။ အရမ်းကို လူညီလွန်းပြီး ပြတ်သားလွန်းလှတဲ့ စင်ကာပူရောက်မြန်မာတို့ရဲ့ စိတ်ဓာတ်ကိုလည်း တကယ်ချီးကျူးမိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T