ချစ်ရသူနဲ့လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် စင်သီယာကျော်

//s9.kh1.co/fb/fbdd589ea28760d248a5629c9b268f70b0478d76.jpg
အနုပညာရှင်များ

 ០៥-ធ្នូ-២០២១ ៣ល្ងាច · ៥ ឆ្នាំមុន

ချစ်ရသူနဲ့လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် စင်သီယာကျော်

ဇာတ်ပို့သရုပ်ဆောင်စင်သီယာကျော်ဟာ ရုပ်ရှင်ဇာတ်လမ်းတော်တော်များများမှာတွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့သူတစ်ယောက်ပါ။

Cin ti yar's facebook
Cin ti yar's facebook

ဇာတ်ပို့သရုပ်ဆောင် စင်သီယာကျော်ဟာ သူမချစ်ရတဲ့သူနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ထိမ်းမြား လက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။စင်သီယာကျော်ဟာ မင်္ဂလာပွဲ အကြီးကြီးမလုပ်တော့ပဲ Prewedding ဓာတ်ပုံရိုက်ပြီး မင်္ဂလာ လက်မှတ်ရေးထိုးကာ လက်ထပ်လိုက်ပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ကြေညာပေးခဲ့တာဖြစ်ပါတယ်။

Cin ti yar's facebook
Cin ti yar's facebook

ဇာတ်ပို့ သရုပ်ဆောင် စင်သီယာကျော်ဟာ သူမထက် အသက် ၃ နှစ်ပိုကြီးတဲ့ ချစ်သူနဲ့ တွဲနေကြတာလည်း ၈ နှစ်ကျော်ပါး ရှိနေပြီလို့ သိရပါတယ်။ ချစ်သူရည်စားအဖြစ် သက်တမ်းအကြာကြီးတွဲပြီးမှ အခုလို လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Cin ti yar's facebook
Cin ti yar's facebook

လက်ထပ်ဖို့အတွက်က ၂၀၂၀ ခုနှစ်ကတည်းက စီစဉ်ထားကြပေမယ့် အခြေအနေအရပ်ရပ်ကြောင့် လက်မထပ်ဖြစ်ကြဘဲ အခုမှ လက်မှတ်ရေးထိုးကာ အကျဉ်းချုံးလေး မင်္ဂလာဆောင်လိုက်ကြတာဖြစ်ပါတယ်။

Cin ti yar's facebook
Cin ti yar's facebook

သာယာပျော်ရွှင်စရာကောင်းသော အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် .. စင်စင် ရေ ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T