Bretzuis မိသားစုဟာ 2015 ခုနှစ်တုန်းက Pennsylvania၊ Auburn တွင် သူတို့ရဲ့နေအိမ်နံရံကို ကာဖို့ပြုလုပ်လိုက်ချိန်မှာ နံရံတွေဟာ တိရစ္ဆာန်အသေကောင်များစွာနှင့် ကာရံထားတာဖြစ်ကြောင်း သိရှိခဲ့ကြပါတယ်။ Fox သတင်းဌာနရဲ့ဖော်ပြချက်အရ အသေကောင်များကို 1930 နှင့် 40 နှစ်များအတွင်း သတင်းစာများတွင် ထုပ်ပိုးထားပြီး ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားပစ္စည်းများလည်း ပါ၀င်ကြောင်း ပစ္စည်းများကို ဖယ်ရှားပြီးနောက် ရာနှင့်ချီသော ရှေးဟောင်းပစ္စည်းများနှင့် အသေကောင်များကို Kutztown ရှိ ကျွမ်းကျင်သူထံ ပေးပို့ခဲ့ကြကြောင်း သိရှိရပါတယ်။
Pennsylvania Dutch ရဲ့ ယဉ်ကျေးမှုမှ အစပြုခဲ့တဲ့ ဒီဓလေ့ထုံးတမ်းကို Pow-wow သို့မဟုတ် Dutch မှော်ပညာလို့ သိရှိကြပြီး နံရံများရှိ ပုပ်သိုးနေသောတိရစ္ဆာန်များဟာ သူတို့ရဲ့ဝေဒနာများကုသရန်နှင့် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ အကာအကွယ်များရရှိစေရန် ပြလုပ်ခဲ့ကြကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတ်မှတ်ခဲ့ပါတယ်။ Pennsylvania Dutch ဟာ 1600 နှင့် 1700 ပြည့်လွန်နှစ်များအတွင်း Pennsylvania တွင် ဂျာမန်စကားပြောအခြေချနေထိုင်သူများဖြစ်ကြပါတယ်။
ဝါရှင်တန်ပို့စ် သတင်းစာအရ နံရံကစာလုံးပေါင်းများစွာဟာ တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်း၊ ရေရှာဖွေခြင်း သို့မဟုတ် အသေးစားဝေဒနာများကို ကုသပေးခြင်းတို့နှင့် ပတ်သက်ပြီး အစောပိုင်းအမေရိကန်အခြေချနေထိုင်သူများရဲ့ အခြေအနေများနှင့် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်စေပါတယ်။ ဒါပေမယ့် Pow-wow ဟာ ပိုမိုနက်ရှိုင်းသော စာလုံးပေါင်းများရဲ့ ဓလေ့တစ်ခုနှင့် နတ်ဆိုးများကို စွဲဆောင်ခြင်းကဲ့သို့သော အရာများပင် ရှိကြောင်း ဖော်ပြထားပါတယ်။ Bretzuis နေအိမ်ရှိ ပုပ်ပွနေသော အသေကောင်များတွင် တွေ့ခဲ့ရတဲ့ မှိုဟာ မိသားစုဝင်များကြားတွင် နာမကျန်းဖြစ်ခဲ့ပြီး အနံ့အသက်မပျောက်သေးဟု ဆိုကြပါတယ်။
သတင်း အရင်းအမြစ်៖ Esquire