လှပတဲ့ကောက်ကြောင်းလေး ရအောင် လုပ်သင့်တဲ့ ထိုင်ထလေ့ကျင့်ခန်းအကြောင်း

//s9.kh1.co/11/11ddd6397b649e5e80e8ef7289c9be38a2a4f3f2.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၅-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

အဆီကျပြီး ပိန်ချင်တဲ့သူပဲဖြစ်ဖြစ်၊ အသားကျစ်ပြီး ကိတ်ချင်တဲ့သူပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်သန်မာဖို့ လိုတဲ့ အားကစားသမားတွေဖြစ်ဖြစ် အားလုံးနဲ့ သင့်တော်တာက ထိုင်ထလေ့ကျင့်ခန်း (Squats) ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=460,h=307,q=100/67/674fd24939a76f1aca5f6b4738f729f80f3b7a9d.jpg

ထိုင်ထလုပ်ရင် ရမယ့်အကျိုးကျေးဇူးတွေက တင်ပါးနဲ့ ခြေထောက်ကြွက်သားအားလုံးကို ကျစ်လျစ် သန်မာစေတာအပြင် ဝမ်းဗိုက်ကြွက်သား၊ နောက်ကျောနဲ့ core ကြွက်သားတွေကိုပါ ကျစ်လျစ်စေတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=640,h=320,q=100/dd/dd88ca48665c8ec91d7d69a16919c2b1d91bd60b.png

လူတိုင်း ထိုင်ထ လုပ်ဖူးပါတယ်။ ဒါပေမဲ့ ထိုင်ထရဲ့ ပုံစံအမှန်ကို သိတဲ့သူ နည်းပါတယ်။ဒါကြောင့် လုပ်ရလွယ်ကူပြီး ထိခိုက်ဒဏ်ရာ မရအောင်နဲ့ လေ့ကျင့်ခန်း ပိုထိရောက်အောင် လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဒီနေ့ ဖော်ပြချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c6/c67b1aea681e876547bd8fab356605633aaf0a44.jpg

ပထမဆုံး ခြေထောက်နှစ်ဖက်ကို တင်ပါးအကျယ်ထက် နည်းနည်းလေး ခွာရပ်လိုက်ပါ။ ခြေချောင်းထိပ်နှစ်ဖက်က ဘေးဘက်ကို နည်းနည်း ထွက်ထားပါ။

https://s9.kh1.co/__image/w=650,h=362,q=100/bc/bcdd03a134cc3ff062032bb1f53e7893dd872e45.jpg

ထိုင်ထ လုပ်နေတဲ့ တစ်လျှောက်လုံးမှာ ဗိုက်ကြွက်သားတွေ တင်းရင်းနေအောင် ညှစ်ထားရပါမယ်။ 

စထိုင်မယ်ဆိုတာနဲ့ အသက် ဝဝရှူသွင်းပါ။

ခြေထောက်ကို ကွေးမချခင် တင်ပါးကို အရင် အနောက်ကို ပစ်လိုက်ပါ။ ထိုင်ခုံတစ်ခုံပေါ် ထိုင်ချလိုက်တဲ့အတိုင်း တင်ပါးကို အနောက်ပစ်ရပါမယ်။ ( ဆွဲဆောင်မှု ရှိ ရှိလေးပေါ့နော်) ပြီးမှ ခြေထောက်က လှုပ်ရှားပါ။

https://s9.kh1.co/__image/w=650,h=724,q=100/f4/f4e0c3ea8fb2fdff33e40fc029cb5ad69d13860d.webp

​ထိုင်ချလိုက်တဲ့အချိန်မှာ လက်ကို အရှေ့ကို ဆန့်ထုတ်ပါ။ ခေါင်းနောက်မှာ ထားလည်း ရပါတယ်။

အရေးကြီးတာက မျက်လုံးသည် ရှေ့တည့်တည့်ကို ကြည့်နေရပါမယ်။ ရင်ဘတ်ကို ဖွင့်ပြီး မတ်ထားပါ။ ခါးကိုလည်း မကွေးသွားစေပါနဲ့။

ခြေထောက်ဟာ ကြမ်းပြင်နဲ့ အပြိုင်ဖြစ်တဲ့အထိ ထိုင်ရပါမယ်။ အဲဒါမှ ထိရောက်မှာပါနော်။

https://s9.kh1.co/__image/w=624,h=702,q=100/e8/e8639a103cd0a29a336293a045fa8603def48730.jpg

ပြီးရင်တော့ အသက်ကိုရှူထုတ်ပြီး ပြန်ထလို့ ရပါပြီ။ သတိထားရမှာက ဗိုက်ကြွက်သားတွေကို ညှစ်ထားဖို့ပါ။

အကြိမ်ရေကတော့ စစချင်းဆို ၁၂ ကြိမ် ၃ ကျော့ကနေ နောက်ပိုင်း တဖြည်းဖြည်း တိုးသွားသင့်ပါတယ်။ ကိုယ်က လေ့ကျင့်ခန့် လုပ်နေကျ၊ ကျွမ်းနေပြီဆိုရင်တော့ အလေးတုံးလေးတွေ၊ Resistance band တွေ ထည့်ပြီးတော့ပါ ကစားပေးနိုင်ပါတယ်။

လှပကျန်းမာတဲ့ ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T