တစ်ချက်တုပ်လိုက်တာနဲ့ သေစေနိုင်တ‌ဲ့ ဂြိုလ်သားလိုလို ဘောလုံးလိုလို ရေသတ္တဝါ

//s9.kh1.co/bb/bb330f99920bfbb7d91c56c7ae53c871c0d6f5c5.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဂြိုလ်သားပုံသဏ္ဍာန် Portuguese Man O Wars ကို ရေခူဆိုပြီး မကြာခဏ မှားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အမှန်တကယ်တွင် zooids လို့ခေါ်တဲ့ သေးငယ်သောသတ္တဝါများစွာရှိပြီး ရေပေါ် ပေါ်နိုင်တဲ့ အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။ Merseyside ရှိ Ainsdale ကမ်းခြေတွင် အသက် 47 နှစ်အရွယ် အမျိုးသားတစ်ဦးက ဒီသတ္တ၀ါကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/0d/0d766a75ed38ca8e4f6ccb9fd052407042fc839d.jpg
https://s9.kh1.co/__image/w=274,h=184,q=100/e1/e126fe14d62075b5af0e2334377ef9035e9b4432.jpeg

Karl Lee က Liverpool Echo ကို ပြောကြားရာတွင် "ဒါက အရမ်းထူးဆန်းပါတယ်။ ပထမတော့ ကျွန်တော် အနီးကပ်ကြည့်ပြီး အက်ပ်သုံးပြီး အဲဒါကို ခွဲကြည့်လိုက်တဲ့အခါ ဒါဟာ ‌ေဘာလံုးတစ်ခုလို့ ကျွန်တော်ထင်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုအရာတွေက Cornwall မှ Cumbria အထိ ကမ်းရိုးတန်းတစ်လျှောက် ရှိနေတာကို သိခဲ့ရပါတယ်။ " ဆိုပြီးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ကြည့်လိုက်မယ်ဆိုရင်လည်း ဘောလုံးတစ်လုံးလို့တောင် ထင်နိုင်ပါတယ်။ ဒါပေမယ့် သွားထိမိလိုက်ရင်တော့ သင်ဟာ သေဆုံးသွားမှာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/51/51fd55b1f29d211713054688d12a80ed186aa7b1.jpg
https://s9.kh1.co/__image/w=650,h=488,q=100/32/32543b7eb1fa781fdbe28ad92a2b437254c8143c.jpg

Portuguese Man O Wars ဟာ သူတို့သေဆုံးသွားသည့်တိုင် ထိခိုက်မှုများစွာကို ဖြစ်စေနိုင်လောက်အောင် အစွမ်းထက် ပါတယ်။ အဲဒါကြောင့် သူတို့ကို ဘယ်တော့မှ မထိမိဖို့ အရမ်းအရေးကြီးပါတယ်။ သူတို့ကိုထိမိလိုက်ရင် မထင်တဲ့အချိန် ပျားတုပ်သလို ခံစားရမှာဖြစ်ပြီး တစ်ချက်ထဲနဲ့ သေစေနိုင်ပါတယ်။ သူတို့ပုံစံကလည်းမသိရင် ဂြိုလ်သားတွေလို့တောင် ထင်ရနိုင်ပါတယ်။ ရေအောက်မှာလည်း ဒီထက်ပိုထူးဆန်းတာတွေ ရှိနေအုန်းမှာပါ။

https://s9.kh1.co/__image/w=650,h=604,q=100/be/bea9cf93328bf2e22cb3d3bb85e453f02436b6a5.jpg

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T