ဒီနှစ်ကတော့ Netflix ပေါ်မှာ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့နှစ်လို့ ပြောရမှာပါ အောင်မြင်တဲ့ ဇာတ်လမ်းတွဲတွေ ထွက်ရှိခဲ့ပြီးနောက် ဆက်တိုက်ထွက်မဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေကို စောင့်ကြည့်နေသူတွေ များလာပါတယ် အခုပြောပြပေးမှာကလည်း Netflix ပေါ်ကို ဒီလထဲမှာ ရောက်ရှိလာမဲ့ တောင်ကိုရီးယား စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားတစ်ခုအကြောင်းပါ
Netflix Original ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထပ်တိုးလာမဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ် ရှေ့မှာဆက်တိုက် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေလိုပဲ ခုထွက်လာမဲ့ The Silent Sea ဆိုတဲ့ ဇာတ်ကားကလည်း အောင်မြင်လိမ့်ဦးမယ်လို့ ထင်ကြေးပေးနေကြပါတယ် ဒီဇာတ်ကားဟာ Netflix ရဲ့ ဒါရိုက်တာ ချွဲဟန်ယောင်း ရေးသားရိုက်ကူးထားတဲ့ The Sea Of Tranquility ဆိုတဲ့ ဇာတ်လမ်းတိုကို ပြန်ပြုပြင်ထားတာပါ ဇာတ်အိမ်ကိုတော့ အနာဂတ် ကမ္ဘာကြီးက ကန္တာရ အကြီးကြီးတစ်ခုဖြစ်လာပြီး အစားအစာနဲ့ ရေရှားပါးပြီး ကုန်လုနီးနီး အခြေအနေနဲ့ လူသားတွေ ရင်ဆိုင်နေရချိန်ကို ဇာတ်အိမ်တည်ထားပါတယ် လာမဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ခရစ်စမတ်မတိုင်ခင် တစ်ရက်အလိုကျရင် Netflix ပေါ်မှာ ကြည့်လို့ရတော့မှာပါ
သရုပ်ဆောင်တွေအနေနဲ့ အရင်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင်တွေကို ပြန်တွေ့ရပါတယ် Bae Donna,Gong Yoo,Lee Joon,Heo Sung-Tae နဲ့ Lee Moo-seang တို့ကို လပေါ်ကိုသွားတဲ့ အာကာသယာဉ် အဖွဲ့ဝင်တွေအဖြစ် တွေ့ရမှာပါ သူတို့ဟာ တစ်ဖွဲ့လုံး အသက်ရှင်နိုင်ချေ ရာခိုင်နှုန်းနည်းနည်းပဲရှိတဲ့ မစ်ရှင်တစ်ခုကို လပေါ်မှာ သွားလုပ်ကြရင်း အဲ့ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖော်ထုတ်ကြမှာ ဖြစ်ပါတယ်
ဒီဇာတ်ကားအတွက် Netflix က ထုတ်ပေးထားတဲ့ အကျဉ်းချုပ်ကတော့ "လပေါ်က အန္တရာယ်များလှတဲ့ ၂၄ နာရီ မစ်ရှစ်တစ်ခုအတွက် အာကာသတွင်း ရှာဖွေသူတွေဟာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ သုသေတနစခန်းဟောင်း တစ်ခုထဲက စမ်းသပ်ချက် နမူနာတွေကို ပြန်ရယူဖို့ ကြိုးစားကြပါတယ်"လို့ အဓိပ္ပါယ်ရပါတယ်
တစ်နှစ်လုံးမှာ ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေထဲကမှ ဒီဇင်ဘာမှာ ထွက်မဲ့ ဒီကားဟာ Netflix မှာ ၂၀၂၁ ရဲ့ နောက်ဆုံး တောင်ကိုရီးယား ဇာတ်လမ်းတွဲဖြစ်မှာပါ ကြည့်နေကျကိုရီးယားကားတွေနဲ့ မတူတဲ့ ဇာတ်လမ်းတွေဟာ ဒီနှစ်ထဲ အကြီးအကျယ် အောင်မြင်ခဲ့တာကြောင့် မြင်ရခဲတဲ့ အာကာသ ထဲမှာ ဇာတ်အိမ်တည်တဲ့ ကိုရီးယားကားဟာ ၂၀၂၁ အတွက် နောက်ဆုံးပိတ် အိတ်နဲ့လွယ် အောင်မြင်ဦးမဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာဦးမယ်လို့ ထင်ပါတယ်