Battleroyal ဂိမ်းတွေရဲ့အစ ဂျပန်ရုပ်ရှင်ဇာတ်ကား

//s9.kh1.co/6d/6dc4d9cc1e9a231398a4e712b41b937a4edf93f0.jpg
ဖျော်ဖြေရေးများ

 ၀၄-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

PUBG တို့ Call of Duty တို့ တခြား shooting ဂိမ်း အများအပြားဟာ Battleroyal mode ကိုပဲ အများဆုံး အသုံးပြုနေကြပါတယ် Battleroyal ဆိုတာ အလွယ်ရှင်းပြရရင်တော့ မြေပုံအကျယ်ကြီးတစ်ခုထဲမှာ ကစားသမားတွေကို ချပေး လက်နက်တွေကိုပါ ထားပေးထား တစ်ယောက်ကိုတစ်ယောက်သတ်ရ မြေပုံကလည်း တဖြည်းဖြည်း ကျဉ်းလာပြီး နောက်ဆုံးကျန်ခဲ့တဲ့လူက အနိုင်ရတဲ့ mode ပါ  ဒါဆို ဒီလို mode က ဘယ်ကနေစတင်ခဲ့သလဲပေါ့ ဒီအခေါ်အဝေါ်‌ကရော ဘယ်ကနေစခဲ့လဲဆိုတာ တခါတလေတော့ စဉ်းစားမိကြမှာပါ အဖြေကတော့ Battle Royal အကြောင်း ရိုက်ကူးထားတဲ့ နာမည်ကြီး ဂျပန်ရုပ်ရှင်ဖြစ်ပါတယ် ဂိမ်းတွေကို အခြေခံထားတဲ့ ဇာတ်ကားမဟုတ်ပဲ ဂိမ်းတွေကသာ အဲ့ကားကို အခြေခံထားကြတာပါ 

https://s9.kh1.co/__image/w=425,h=425,q=100/27/27e3ab781506dd61e88a6acbda60ab3c6287aa8c.jpg

အဲ့ဒီဇာတ်ကားရဲ့ နာမည်ကလည်း Battle Royal ပါပဲ ဒါရိုက်တာ ကင်ဂျီဖူကဆာခုက ရိုက်ကူးထားပြီး Battle Royal ဆိုတဲ့ ဝတ္ထုစာအုပ်ပေါ်ကို အခြေခံထားတာပါ သရုပ်ဆောင်အနေနဲ့ တဇုယ ဖူဂျီဝါယ အာခီမအဲဒ တာရိုယမမိုတိုနဲ့ တခဲရှီကီတာနို တို့က အဓိကပြန်လည် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ ညစ်ပတ်တဲ့ အစိုးရက ဂျူနီယာအထက်တန်းကျောင်းသားတွေ အချင်းချင်းကို သေတဲ့အထိ တိုက်ခိုက်ခိုင်းတဲ့အကြောင်း ဖြစ်ပါတယ် ဇာတ်ကားဟာ နိုင်ငံရေးအရ အငြင်းပွားစရာတွေ ပါဝင်ပြီး တချို့နိုင်ငံတွေမှာ ပိတ်ပင်ခံခဲ့ရပါတယ်  အမေရိကန်မှာဆို တရားစွဲခံရနိုင်ခြေရှိတာကြောင့် လုံးဝမဖြန့်ချီခဲ့ပဲ နောက်ပိုင်းမှ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုက ဖြန့်ချီခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=914,q=100/1c/1cf6adee2b27fd0faab49e3481b16ba7edc5728b.jpg

ကျောင်းသားအုပ်စုတစ်ဖွဲ့ဟာ အစိုးရထိန်းချုပ်ထားတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လေ့လာရေးခရီးထွက်ခဲ့ကြတဲ့နောက် ကျွန်းပေါ်ရောက်ကြတဲ့အခါ စစ်သားတွေ ဝိုင်းထားတာကို ခံရပြီး သူတို့ဟာ တကယ့် Battle Royal ပုံစံ တစ်ယောက်ကိုတစ်ယောက် ၃ရက်အတွင်း သတ်ကြဖို့ ရွေးချယ်ခံထားရကြောင်း ပြောပါတယ် လည်ပင်းမှာလည်း ပေါက်ကွဲစေမဲ့ လည်ပတ်တွေ တပ်ဆင်ပေးထားပြီး သူတို့ခိုင်းတဲ့အတိုင်း နားမထောင်ရင်ဖြစ်စေ အန္တရာယ်ဇုန်ထဲ ရောက်နေရင်ဖြစ်စေ အဲ့ဒါတွေက ပေါက်ကွဲမှာပါ ကျောင်းသားတစ်ယောက်ချင်းစီကို အစားအသောက်ရယ် မြေပုံတစ်ခုရယ် ပစ္စည်းတချို့ရယ်နဲ့ လက်နက်တစ်ခုစီပေးလိုက်ပါတယ် အဲ့ဒီအချိန်ကစပြီး တစ်ယောက်ကို တစ်ယောက် သတ်ကြတာတွေ ကိုယ့်ကိုကိုယ် သတ်သေတာတွေ စိတ္တဇဖြစ်နေပြီး အန္တရာယ်အရမ်းများတဲ့သူတွေ ပါလာတာတွေ ကျွန်းကလွတ်အောင် ထွက်ပြေးဖို့ ကြိုးစားကြတာတွေကိုပါ တောက်လျှောက် သဲထိတ်ရင်ဖို ကြည့်ရမှာပါ

https://s9.kh1.co/__image/w=650,h=413,q=100/10/101e4b5ed63802ba0f5461425b58edce76992c81.jpg

အဆဲစကားလုံးတွေ‌ ကျောင်းသားအရွယ်က မူးယစ်ဆေးဝါးသုံးစွဲမူတွေ  သွေးသံရဲရဲတွေကြောင့် Rating ကတော့ R-rated ပါ ၁၈ နှစ်အောက် လုံးဝမကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ် ၁၈ ပြည့်ပြီးသူတောင် ဒါကြည့်ပြီး Battle royal ဂိမ်းဆော့ရင် တမျိုးကြီးဖြစ်နေလောက်အောင် တော်တော်လေး Dark ပါတယ် ဇာတ်ကားက အောင်မြင်ခဲ့သလို Battle Royal ဆိုတဲ့ အသုံးအနှုန်းကလည်း အဲ့ဒီဆယ်စုနှစ်တွေတုန်းက တော်တော်လေး လွှမ်းမိုးမူရှိခဲ့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်လာပြီး အဲ့အချိန်ကတည်းက လူအုပ်စုတစ်စု တစ်ယောက်တည်း ကျန်တဲ့အထိ တိုက်ခိုက်ကြပြီး နောက်ဆုံးကျန်တဲ့လူက အနိုင်ရတယ်ဆိုတဲ့ concept ကို လူတော်တော်များများ သဘောကျလာကြတဲ့နောက် ဒီသဘောတရားကို ရုပ်ရှင်တွေ ဝတ္ထုတွေ ဂိမ်းတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် အသုံးပြုလာကြပါတော့တယ် အဲ့ဒါကြောင့်မလို့ ဘယ်မှာပဲဖြစ်ဖြစ် တွေ့ရမဲ့ Battle Royal သဘောတရားကို အခြေခံထားတဲ့ ဂိမ်းဖြစ်စေ ရုပ်ရှင်ဖြစ်စေ အားလုံးဟာ ၂၀၀၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Battle Royal ဇာတ်ကားကို အခြေခံအားဖြင့် မှီငြိမ်းထားတယ်လို့ ပြောလို့ရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T