အိတ်ဆောင်ဓားဖြင့်မိကျောင်းကို တိုက်ခိုက်ခဲ့ပြီး လွတ်မြောက်ခဲ့တဲ့ အသက်၆၀ အရွယ် အမျိုးသား

//s9.kh1.co/27/27d566242860768b4f0e97f915b40e46dcfc8fa8.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အသက် 60 အရွယ် ဩစတြေးလျ အမျိုးသားတစ်ဦးဟာ မိကျောင်းကြီး မြစ်ထဲသို့ဆွဲခေါ်သွားချိန် မေးရိုးကနေ သူရဲ့ အိတ်ဆောင်ဓားဖြင့် ဦးခေါင်းကို အကြိမ်ကြိမ် ဓားဖြင့်ထိုးကာ လွတ်မြောက်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ မြောက်ဘက်စွန်း ကိပ်ယော့ခ် ကျွန်းဆွယ်ရှိ ဝေးလံခေါင်သီသော မြစ်ကမ်းပါးတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအပြီးတွင် အဆိုပါ အမျိုးသား အသက်ရှင်ခြင်းမှာ ကံကောင်းကြောင်း တောရိုင်းတိရစ္ဆာန် အရာရှိများက ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=406,q=100/b7/b7a0a1c433af13107e6af70f4de83fb65059a560.jpeg
https://s9.kh1.co/__image/w=650,h=332,q=100/31/3176afccfe75429994504dae68897ca54be18825.jpg

" လေးမီတာခွဲ အရှည်ရှိတဲ့ မိကျောင်းတစ်ကောင်ရဲ့ ချုပ်ကိုင်မှုကနေ ကံကောင်းစွာ လွတ်မြောက်ခဲ့တာပါ။ အဲဒါက ဖြစ်နိုင်ချေ သုညလောက်ပါပဲ" လို့ Queensland ပြည်နယ် သဘာဝပတ်ဝန်းကျင်ဌာနမှ Matt Brien က ပြောခဲ့ပါတယ်။ Cairns မှ ငါးနာရီခန့် ကားမောင်းရတဲ့ Hope Vale အနီးတွင် ပြီးခဲ့တဲ့ သီတင်းပတ်က ငါးမျှားသွားခဲ့ပါတယ်။ အဲ့ချိန်မှာ မိကျောင်းကပေါ်လာပြီး သူ့ကိုစတင်တိုက်ခိုက်ခဲ့တာပါပဲ။

https://s9.kh1.co/__image/w=650,h=458,q=100/b0/b0e635f3487046ab4ebe956beb19ec9987bab4ec.jpg
https://s9.kh1.co/__image/w=650,h=390,q=100/7b/7b2792aaed50378fa19884dbd7b9052e9b24fc13.jpg

အဲ့နောက်သူလည်း န‌ီးစပ်ရာသစ်ကိုင်းကို ကိုင်ဆွဲလိုက်ချိန် မိကျောင်းက သူရဲ့ခြေထောက်ကို အမီရသွားခဲ့ပါတယ်။ မိကျောင်းကဆက်လက်ပြီး သူ့ကို ကိုက်ဆွဲကာမြစ်ထဲဆြဲချသွားပါတော့တယ်။ သူကိုင်ခဲ့တဲ့ သစ်ကိုင်းကလည်းကျိုးသွားခဲ့ပါတယ်။ အဲ့နောက် သူလည်း အိမ်ဆောင်ဓားနဲ့ မိကျောင်းခေါင်းကို အချက်ပေါင်းများစွာထိုးခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ Cooktown ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူပြီးနောက် တစ်ပတ်အကြာတွင် ပြန်လည်သက်သာလာခဲ့ပြီး Cairns ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပါတယ်။ ကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက သူဟာ “တည်ငြိမ်သော အခြေအနေ” တွင် ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/86/86af5761040c088dd15b400568932867c454200c.jpg

သတင်း အရင်းအမြစ်IOL

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T