ကိုယ့်ကိုကိုယ် မံမီဖြစ်အောင် ကျင့်ကြံရတဲ့ ကျင့်စဥ်

//s9.kh1.co/c9/c94f96eb81e784c84af60285f0a6335cf5b49a1a.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဂျပန်နိုင်ငံ ယူဒိုနိုတောင်ပေါ်က ဒိုင်နီချီဘို ဘုရားကျောင်းကို ရောက်ခဲ့ရင် မှန်အလုံသေတ္တာထဲမှာ ဘုန်းတော်ကြီး ဒိုင်ဂျူကူ ဘိုတာဇု ရှင်ယိုကိုင်ရဲ့ မံမီကို တွေ့ရမှာပါ အဲ့ဒီ့ဘုန်းတော်ကြီးကို သက်ရှိထင်ရှား ရှိနေတဲ့ ဘုရားလို့ ခေါ်ဝေါကြပါတယ် အဲ့ဒီဘုန်းတော်ကြီးဟာ ကိုယ့်ကိုကိုယ် မံမီဖြစ်အောင် လုပ်ခဲ့တဲ့ ဘုန်းတော်ကြီးတွေထဲကမှ အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ် ဂျပန်ပြည်မှာ ကိုယ့်ကိုကိုယ် မံမီဖြစ်အောင် လုပ်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ အများကြီး ရှိပါတယ်

ဒီဘုန်းကြီးဟာ ၁၇၈၃ ခုနှစ် အသက် ၉၆ နှစ်မှာ သေဆုံးခဲ့တာပါ ဒါပေမဲ့ မံမီဖြစ်တာက သေပြီးမှ မဟုတ်ပါဘူး မသေခင်ခြောက်နှစ်လောက်ကတည်းက ကိုယ့်ကိုကိုယ် မံမီဖြစ်အောင် ပြုလုပ်ခဲ့တာပါ ဒီကျင့်စဥ်ဟာ ၁၁ ရာစုနှစ်နဲ့ ၁၆ ရာစုနှစ်ကြား ဂျပန်ဘုန်းကြီးတွေ အလုပ်များတဲ့ ကျင့်စဥ်တစ်ခု ဖြစ်ပါတယ် သာမန်အနေနဲ့ ကြည့်ရင် ကိုယ့်ကိုကိုယ် သတ်သေတာနဲ့တော့ သဘောတရား အတူတူပါပဲ

https://s9.kh1.co/__image/w=650,h=481,q=100/8d/8dc70ef1aad515ca839ef5cbdc698f025f668fd6.jpg

ပထမဆုံးအဆင့်က ရက်ပေါင်း ၁၀၀၀ ကျော်လောက် ကယ်လိုရီအရမ်းနည်းတဲ့ ဆန်ကိုစားပြီး ဝိတ်ချရပါတယ် နောက်ဒုတိယအဆင့်ကတော့ Urushi လက်ဖက်ရည်ကို သောက်တာပါ အရမ်းအဆိပ်ပြင်းတဲ့ ဒီလက်ဖက်ရည်ကို သောက်ရတဲ့ ရည်ရွယ်ချက်က မံမီဖြစ်စေဖို့အတွက်ဆို ကိုယ်တွင်းအင်္ဂါတွေကို ဖျက်စီးဖို့ လိုတာကြောင့်ပါ နောက်ပိုင်းဆို အသားကအရမ်းအဆိပ်ပြင်းလွန်းတာကြောင့် အလောင်းကို လောက်တွေကတောင် မစားတော့ပါဘူး အဲ့လိုနဲ့ သေခါနီးပြီဆိုရင် လူတထိုင်စာပဲရှိတဲ့ အခန်းလေးထဲကို ဝင်ထိုင်ပြီး လေဝင်ပေါက်သေးသေးလေးတစ်ခုပဲ  ထားပါတယ် အထဲမှာ ခေါင်းလောင်းတစ်လုံးလည်းရှိပြီး ဘုန်းတော်ကြီးက မသေသေးတာကို အသိပေးဖို့ နေ့တိုင်း ခေါင်းလောင်းတီးရပါတယ် ခေါင်းလောင်းတီးသံမကြားရတော့တဲ့ နေ့ကိုရောက်လာရင်တော့ တပည့်တပန်းတွေဟာ လေဝင်ပေါက်ကိုပိတ်ပြီး အခန်းကို အသေပိတ်လိုက်ပါတယ်

https://s9.kh1.co/__image/w=650,h=867,q=100/79/79b00d434e2847be726095f9c1f799211379a819.jpg

ရက်ပေါင်း ၁၀၀၀ ကြာတဲ့အချိန်ကျမှ ပြန်ဖွင့်ပြီး အဲ့အချိန် မံမီဖြစ်နေပြီဆို သက်ရှိဘုရားအဖြစ် တင်စားခံရပါတယ် မံမီကိုပြန်ထုတ် သန့်ရှင်း အဝတ်အစား အသစ်တွေ ဆင်ယင်ပေးပြီး ဘုရားကျောင်းတွေမှာ လူတကာဖူးနိုင်ဖို့ နေရာချပါတယ် မံမိကျင့်စဥ် မအောင်မြင်ခဲ့တဲ့ ဘုန်းတော်ကြီးတွေကိုတော့ ရိုးရိုးတန်းတန်း သင်္ဂြိုလ်ပေးကြပါတယ် ဘုန်းကြီးပေါင်း ရာကျော် ဒီကျင့်စဥ်ကို ကြိုးစားခဲ့ကြပေမဲ့ ၂၄ ယောက်သာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်

https://s9.kh1.co/__image/w=650,h=386,q=100/f4/f4a18b935520348cbc3da542d1cbaaf4a5c084df.jpg

ဒီကျင့်စဥ်တစ်ခုမှာဆိုရင် ဘုန်းတော်ကြီးတစ်ပါးဟာ ရုပ်ထုတစ်ခုအထဲမှာ ကိုယ့်ကိုကိုယ် မံမီဖြစ်အောင် ကျင့်ကြံထားတာကို တွေ့ရမှာပါ

အောင်မြင်သူတွေဟာ လူတွေထက် အဆင့်မြင့်တဲ့ လောကတစ်ခုမှာ နတ်ဘုရားတွေဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ် သူတို့အတွက် လူ့ဘဝဟာ သေခြင်းလည်းမဟုတ် ရှင်ခြင်းလည်းမဟုတ် တခြားအဆင့်မြင့်တဲ့ လောကတစ်ခုကို ဝင်ရောက်ဖို့ သက်သက် အသုံးချခံ ခန္ဓာကိုယ်တစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားကြသလို ဒီဖြစ်စဥ်ကြီးတစ်ခုလုံးကိုလည်း သူတို့ဟာ သေနေကြတယ်လို့ မထင်ထားကြပါဘူး

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T