မင်းသားကြီး အာမာရ်ခန်း ပြန်လည်ရိုက်ကူးမဲ့ Forrest Gump

//s9.kh1.co/7a/7a8dfa9d3473a9b296cf081eee282042af71bffb.webp
ဖျော်ဖြေရေးများ

 ၀၃-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မင်းသားကြီး Tom Hanks ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ခုဖြစ်တဲ့ Forrest Gump ကို အားလုံးကြည့်ဖူးကြမှာပါ Forrest Gump ဆိုတဲ့ လူတစ်ယောက်ရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေ အရမ်းများတဲ့ ဘဝအကြောင်းကို ရသမြောက်အောင် ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ၁၉၉၄ ခုနှစ်ကတည်းက ထွက်ရှိထားတာဆိုပေမဲ့ အခုချိန်ထိ ရုပ်ရှင်ဝေဖန်သူတွေ ပရိသတ်တွေကြားထဲမှာ ဂန္တဝင်ဇာတ်ကားတွေအကြောင်းပြောရင် မပါမဖြစ် ဇာတ်ကားတစ်ကား ဖြစ်နေတုန်းပါ အဲ့ဇာတ်ကားကို bollywood က Remake ပြန်လည်ရိုက်ကူးမဲ့ အကြောင်းကိုရော သိပြီးကြပါပြီလား

Laal Singh Chaddha poster
Laal Singh Chaddha poster

ပြန်ရိုက်ကူးမဲ့နေရာက အဓိကသရုပ်ဆောင်ကတော့ မင်းသားကြီး Aamir Khan ဖြစ်ပါတယ် ဒီမင်းသားကြီးဖြစ်တာကြောင့် ဇာတ်ကားမကောင်းမှာကိုတော့ စိတ်ပူစရာ မလိုတော့ပါဘူး ဇာတ်ကားနာမည်က Laal Singh Chaddha ဖြစ်ပါတယ် ဒရမ်မာဟာ ရုပ်ရှင်ကားအနေနဲ့ လာမှာဖြစ်ပြီး ဒါရိုက်တာ Advaic Chandan က ရိုက်ကူးပေးထားပါတယ်

Aamir Khan
Aamir Khan

ဒီဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်ရာမှာ ဇာတ်ညွှန်းပြန်ပြင်တာက ၁၀ နှစ် မူရင်းကားရဲ့ Remake ပြန်ရိုက်ခွင့်ကို ဝယ်ယူဖို့က ၁၀ နှစ် အချိန်ယူခဲ့ရပြီး မတ်လ ၁၄ ရက်နေ့ ၂၀၁၉ မှာ ဇာတ်ကားနာမည်နဲ့တကွ ကြေညာခဲ့ပါတယ် ဒီဇာတ်ကားကို ၂၀၂၀ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြသဖို့ စီစဥ်ထားခဲ့ပေမဲ့ Covid-19 ကြောင့် တစ်နှစ်လုံးလည်း နောက်ဆုတ်ခဲ့ရပြီး ဧပြီလ ၁၄ ရက်နေ့ ၂၀၂၂ ခုနှစ်ကျမှ ပြသဖို့ ဖြစ်ခဲ့ရပါတော့တယ် ဒီဇာတ်ကားထဲက အမျိုးသမီးဇာတ်ဆောင်နေရာမှာ မင်းသမီး Kareena Kapoor က သရုပ်ဆောင်ထားပြီး ဒီကားနဲ့ပါဆိုရင် သူမနဲ့ Aamir Khan တို့ တွဲသရုပ်ဆောင်တဲ့ကားပေါင်း ၃ ကားတိတိ ရှိပါပြီ

Kareena Kapoor
Kareena Kapoor

ဇာတ်ကားဟာ အိန္ဒိယနိုင်ငံရဲ့ နေရာပေါင်း ၁၀၀ ကျော်မှာ ရိုက်ကူးထားတာကြောင့် အိန္ဒိယနိုင်ငံရဲ့  ဒေသအလှအပတွေကိုလည်း ဝေဝေဆာဆာ မြင်ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်

Forrest Gump ဇာတ်ကားဟာ အရမ်းနာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ဒီဇာတ်ကားကို Remake ပြန်လုပ်ဖို့ဆိုတာ ဘယ်လောက်တာဝန်ကြီးတဲ့ လုပ်ရပ်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ် တချက်ကလေးမှားလိုက်တာနဲ့ မူရင်းဇာတ်ကားရဲ့ ပရိတ်သတ်တွေ ဝေဖန်မူကို ကောင်းကောင်းကြီး ခံစားရမှာပါ ဒီလို စိန်ခေါ်မူမျိုးကိုလည်း မင်းသားကြီး Aamir Khan က အေးအေးဆေးဆေး ဖြတ်ကျော်နိုင်မှာပါ ဒီလိုမျိုး ဂန္တဝင်ဇာတ်ကားတစ်ကားရဲ့  အငွေ့အသက်တွေကို Bollywood မှာ ပြန်လည်ခံစားနိုင်ဖို့ သိပ်မလိုတော့တာကြောင့် ဇာတ်ကားထွက်လာရင် ကြည့်ပြီး ဝေဖန်ကြည့်ကြဖို့ အကြံပေးလိုက်ပါတယ် ဒီဇာတ်ကားကို စောင့်နေရင်းကြားမှာတော့ မူရင်း Forrest Gump ကို တစ်ခေါက်လောက် ထပ်ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T