ကမ္ဘာကြီးရဲ့ ဇာတ်သိမ်းအကြောင်း ဇာတ်ကားကောင်းများ

//s9.kh1.co/a5/a59e4ed8898a571d78095bbfb1785c3ccbe7b712.jpg
ဖျော်ဖြေရေးများ

 ၀၃-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မုန်တိုင်းတွေ ငလျင်တွေကို ကြုံဖူးကြသူတွေဆို ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သိကြမှာပါ အဲ့လောက်ကတောင် ကြောက်ဖို့ကောင်းနေရင် ကမ္ဘာပျက်တာဆို ဘယ်လောက်ကြောက်ဖို့ ကောင်းမလဲ စဥ်းစားကြည့်လို့ရပါတယ် လူတွေအားလုံးကတော့ ကမ္ဘာကြီးပျက်စီးတာကို မြင်ချင်ကြမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဖန်သားပြင်ပေါ်မှာ ကမ္ဘာပျက်တဲ့ ဇာတ်လမ်းတွေကိုတော့ အားလုံးနီးပါး ကြည့်ချင်ကြမှာပါ ဇာတ်ကောင်တွေက ဘယ်လို အန္တရာယ်တွေကြားကနေ အသက်ရှင်အောင် ဘယ်လို ကြိုးစားရုန်းကန်ကြတယ်ဆိုတာတွေကို မြင်ချင်ကြမှာပါ အခုဆက်ဖော်ပြပေးမှာကတော့ အဲ့လို ကမ္ဘာပျက်ဇာတ်လမ်းတွေထဲကမှ တစ်ကားလုံးတောက်လျှောက် မပျင်းရမဲ့ ဇာတ်ကားတချို့ရဲ့ ဇာတ်လမ်းအကျဥ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်  

San Andreas

https://s9.kh1.co/__image/w=650,h=946,q=100/d4/d442c92542a408438a8a5e908f5f7306d2c4ff38.jpg

ပထမဆုံး ဇာတ်ကားကတော့ မင်းသားကြီး Dwayne Johnson ရဲ့ San Andreas ပါ ဒီဇာတ်ကားထဲမှာ သူဟာ ကယ်ဆယ်ရေးရဟတ်ယာဥ်မောင်းသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အောက်ခြေမှာ ငလျင်ကြီးတွေ စလှုပ်ခတ်လာပြီး ငလျင်တစ်ခုချင်းစီက မြေပုံတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်လောက်အောင် အင်အားကြီးပါတယ် ဒီလို ငလျင်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်လှုပ်နေချိန်မှာ အလုပ်အင်တာဗျူး သွားရင်း ပိတ်မိနေတဲ့ သမီးနဲ့ တစ်မြို့ထဲမှာပဲ ပိတ်မိနေတဲ့ ဇနီးဟောင်းကို ကြိုးစားကယ်တင်ပုံကို  ရင်တမမနဲ့ တဝကြီး ကြည့်ရှူရမှာပါ ငလျင်တွေတင်မကသေးပဲ နောက်ဆက်တွဲ ဆူနာမီတွေပါ ထပ်ဆင့်ဝင်လာတာကြောင့် တော်တော်လေးကို သည်းထိပ်ရင်ဖိုအခန်းတွေ အများကြီးနဲ့ ကြည့်ရမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် 

Geostorm

https://s9.kh1.co/__image/w=650,h=964,q=100/9e/9e8643f07c5e93c500cb6b8a1d5d1e39e122aa3c.jpg

Geostorm ဆိုတဲ့ ဇာတ်ကားကတော့ အနာဂတ်ရာသီဥတုထိန်းချုပ်ရေး စနစ်တစ်ခုအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် အနာဂတ်မှာ လူသားတွေဟာ ဂြိုလ်တုတွေနဲ့ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး ဂြိုလ်တုအချင်းချင်းတွေကြား ချိတ်ဆက်မူနဲ့ ရာသီဥတုစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားပါတော့တယ် ဒါပေမဲ့ ဂြိုလ်တုတစ်ခုမှာ ပြဿနာရှိလာတဲ့အခါ ကမ္ဘာပေါ်က သိပ္ပံပညာရှင်တစ်ယောက်ဟာ ပြန်ပြင်ဆင်မူအတွက် အာကာသထဲကို သွားပါတယ် သူသွားပြီးမကြာခင်မှာပဲ ပျက်စီးမူတွေကြောင့် ကမ္ဘာပေါ်မှာတော့ ဆိုးဆိုးရွားရား ရာသီဥတုပြောင်းလဲမူတွေ ဖြစ်နေပါပြီ အဲ့အချိန် ဂြိုလ်တုတွေကို ဖွင့်လို့ရတဲ့ သော့ကလည်း သမ္မတဆီမှာပဲ ရှိတာဖြစ်ပါတယ် သမ္မတကိုလည်း ဒုက္ခပေးသူတွေ ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ လူတွေကလည်း ဂြိုလ်တုတွေကို ပြန်လည်ပတ်နိုင်ဖို့ ကူညီကြကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် 

The Core

https://s9.kh1.co/__image/w=650,h=867,q=100/73/739f3ea7d433700b89d819ea9bd19c3d564fc159.jpg

နောက်ထပ်ဇာတ်ကားတစ်ကားကတော့ The Core ပါ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းက ချော်ရည်တွေဟာ သံလိုက်စက်ကွင်းတွေနဲ့အညီ အတွင်းပိုင်းမှာ လည်ပတ်လျှက် ရှိပါတယ် ဒါပေမဲ့ တစ်နေ့မှာ ချော်ရည်တွေဟာ လည်ပတ်မူ အားနည်းလာပြီး လုံးဝရပ်တန့်သွားတော့မဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ် ကမ္ဘာကြီးလည်ပတ်နေတာပါ ရပ်တန့်သွားမှာပါ အဲ့လိုသာဆို ဘယ်လိုမှ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတွေ ဖြစ်လာနိုင်တာမလို့ ချော်ရည်တွေ ပြန်လည်ပတ်မဲ့ နည်းကို ရှာဖွေရပါတော့တယ် ဒီလိုနဲ့ သိပ္ပံပညာရှင်တစ်စုဟာ ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုအထိ ဖောက်သွားနိုင်မဲ့ ယာဥ်ကြီးတစ်ခုကို တည်ဆောက်ပြီး နျူကလီးယားဗုံးတွေတင်ကာ ချော်ရည်တွေ ပုံမှန်လည်ပတ်နိုင်ရန် ဖောက်ခွဲဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့အလယ်ကို ခရီးနှင်ကြပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ လူတစ်ယောက်ချင်းစီ အနစ်နာခံကြပုံတွေနဲ့ ကမ္ဘာကြီးထဲက အရာတွေနဲ့ လူသားတွေ အားပြိုင်ကြပုံကို တဝကြီး ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ် ကိုယ်က ရူပဗေဒသဘောတရားတွေကို သိပ်ဂရုမစိုက်ပဲ ဖျော်ဖြေရေးအနေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ကြည့်ကောင်းတဲ့ ကားတစ်ကားဖြစ်မှာပါ

2012

https://s9.kh1.co/__image/w=650,h=911,q=100/22/22ade6546e8ee73ea9d51613d2fa7ecbc3078f2a.jpg

နောက်ဆုံးတစ်ခုကတော့ တကယ်ဖြစ်ရပ်မှန် ယုံတမ်းတစ်ခုကို အခြေခံထားတဲ့ 2012 ဆိုတဲ့ ဇာတ်ကားပါ ရှေးဟောင်း မေယန်လူမျိုးတွေရဲ့  ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်စီးမယ်ဆိုပြီး သတင်းထွက်တာကို မှတ်မိကြဦးမယ်ထင်ပါတယ် အဲ့ဒီယုံတမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၂၀၁၂ ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာပျက်မယ်ဆိုတာာကို ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုသိပြီးနောက် သင်္ဘောအကြီးကြီးတွေ ဆောက်ထားပြီး သူတို့ရွေးချယ်ထားသူတွေကိုသာ ကယ်တင်ဖို့ စီစဥ်ထားကြပါတယ် အဒီလို အခြေအနေကြားထဲကမှ ကယ်တင်ဖို့ ရွေးချယ်မခံထားရတဲ့ မိသားစုတစ်ခု တောက်လျှောက် ပျက်စီးနေတဲ့ ကမ္ဘာကြီးပေါ်ကနေ ထွက်ပြေးပြီး သင်္ဘောပေါ်ရောက်အောင် ကြိုးစားကြတာကို ဇာတ်လမ်းတလျှောက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ် 

ဒါတွေကတော့ အများအပြားထွက်ရှိထားတဲ့ ကမ္ဘာပျက် ဇာတ်လမ်းတွေထဲကမှ တစ်ကားလုံးကို ရင်တမမနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းတွေကို ဖော်ပြပေးခဲ့တာပါ ဒီကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းမူရဲ့ အကျိုးဆက်တွေကိုလည်း မီးမောင်းထိုးပြနေလေ့ရှိပါတယ် ဒီလို ဇာတ်လမ်းတွေ အများကြီးထဲကမှ ဘယ်ကားတွေကို ကြည့်ဖူးတယ် ဘယ်ကားက အကောင်းဆုံးဖြစ်တယ်ဆိုတာကိုလည်း ပြောသွားပေးကြပါဦး

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T