ပွဲစဉ်အတွင်း အိပ်ပျော်သွားတဲ့ ကမ္ဘာကျော် ထိပ်တန်းစနူကာ ကစားသမား

//s9.kh1.co/06/0684f475468d157c6cc82b49d324232fc469e8c1.jpg
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို ခံစားနေရဆဲဖြစ်တဲ့ ထိပ်တန်းစနူကာကစားသမားတစ်ဦးဟာ အားကစား‌ေလာကရဲ့ ဂုဏ်သိက္ခာအရှိဆုံးပွဲများထဲမှ တစ်ခုရဲ့ပွဲအလယ်မှာ အိပ်ပျော်သွားခဲ့ပါတယ်။ UK Championship မှာ Anthony Hamilton ကို ရှုံးနိမ့်ပြီးနောက် “ကျွန်တော် ခေါင်းငုံ့‌ေနခဲ့ပြီး လန့်နိုးလာပါတယ်၊ အဲ့နောက် ကျွန်တော် ဘယ်ရောက်နေလဲဆိုတာ မသိရပါဘူး” လို့ Mark Williams က ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/93/9307fbeca372cc54dcdf42b1516db64849aba877.jpg
https://s9.kh1.co/__image/w=634,h=440,q=100/f0/f092f231eb7475a829e8df35da6c1ee421579b94.jpg

ဝီလျံသည် ကမ္ဘာ့ချန်ပီယံသုံးကြိမ်နှင့် စနူကာရဲ့ ဆွဲဆောင်မှုအရှိဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ Williams က သူ့ထိုင်ခုံမှာရှိနေပြီး Hamilton က စားပွဲမှာရှိနေချိန်မှာ ခေါင်းညိတ်ပြီး သူဟာ အိပ်ပျော်သွားခဲ့တာပါ။ အဲ့ချိန်မှာသူက 3-2 နဲ့ ဦးဆောင်‌ေနခဲ့တာပါ။ နောက်ကျ သူဟာ ပင်ပန်းနေခဲ့တာကြောင့် သေချာမကစားနိုင်တော့ပဲ Hamilton ကိုရှုံးနိမ့်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=590,h=442,q=100/38/382a120a7508e76429dd2b9de74ffc273725ee1a.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/49/49e8f8abc47dbde58f22f1c1249f3cd8b5ce7735.jpg

အသက် 46 နှစ်အရွယ် Williams က အောက်တိုဘာလတွင် COVID-19 ကူးစက်ခံရပြီးနောက် သူ့ရဲ့လုပ်ဆောင်ချက်‌ေတွကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ “ ကျွန်တော်အနေနဲ့ မနက်ပိုင်း ဒါမှမဟုတ် နေ့ခင်းပိုင်းတွေမှာ ကစား‌ေလ့ရှိပါတယ်။ အဲ့လို ကစားလို့ တစ်နေ့ထက်တစ်နေ့ ပိုပင်ပန်းလေပါပဲ” လို့ York Barbican မှာ 6-5 နဲ့ ရှုံးခဲ့တဲ့ Williams က ပြောပြပါတယ်။ “ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ အနှစ်သုံးဆယ်၊ ဒါ ကုလားထိုင်ပေါ်မှာ ပထမဆုံး အိပ်ပျော်ဖူးတာပါပဲ” လို့ သူကဆက်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=357,q=100/47/47b75faa6734b8928b699d8947b76dd503bf80cb.jpeg

သတင်း အရင်းအမြစ်AP News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T