ဂျပန်နိုင်ငံက ကမ္ဘာကျော် ဖူဂျီတောင် အနီးအနားငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့

//s9.kh1.co/02/0219ad07ce0be54e2c86681293412af302a0ad7f.jpg
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဂျပန်နိုင်ငံက ကမ္ဘာကျော် နေရာတစ်ခုဖြစ်တဲ့ ဖူဂျီတောင်မှာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဂျပန်နိုင်ငံလို့ပြောတာနဲ့ မျက်လုံးထဲတန်းမြင်ရလောက်တဲ့အထိကို ရေပန်းစားကျော်ကြားပြီး လှပလွန်းတဲ့နေရာကတော့ ဖူဂျီတောင်ပါပဲ။သူဟာ ပေပေါင်း (၁၂၃၈၈) ပေမြင့်ပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ တိုကျိုမြို့ အနောက်ဘက်ပိုင်း ရှိ မီးတောင်ဟောင်းတစ်ခုဖြစ်ပြီး အာရှတိုက်တစ်လွှားရှိ မီးတောင်တွေထဲ ဒုတိယအမြင့်ဆုံးမီးတောင်ဖြစ်ပါတယ်။ဖူဂျီတောင်ရဲ့ နောက်ဆုံးမီးတောင်ပေါက်ကွဲမှုဟာ (၁၇၀၈) ခုနှစ်တွင်ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုမဖြစ်တာကြာနေပေမယ့် ယနေ့ မနက်ကစ ဖူဂျီတောင်အနီး ငလျင် ဆက်တိုက်လှုပ်နေခဲ့ပါတယ်။ငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး (၅) ရှိပြီးအခုအချိန်ထိ အထိအခိုက်မရှိဘူးလို့တော့ဆိုပါတယ်။ငလျင်လှုပ်ခတ်မှုဟာ မနက်(၂)နာရီတည်းက စတင်ခဲ့တာဖြစ်ပြီး  ငလျင်လှုပ်နေတာ (၃) ကြိမ်ရှိသွားပြီလို့ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဖူဂျီတောင်ဟာ (၁၇၀၇) ခုနှစ်နှင့် (၁၇၀၈) ခုနှစ်များတွင် နောက်ဆုံး ပေါက်ကွဲမှုများ ဖြစ်ခဲ့ပါတယ်။လက်ရှိမှာလည်း ရံဖန်ရံခါ ရာနှင့်ချီသော တုန်ခါမှုများဖြစ်ပေါ်ပေမယ့် ပေါက်ကွဲမှုတစ်စုံတစ်ရာတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။လက်ရှိငလျင်ကြောင့် ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ထူးခြားမှုတစ်စုံတစ်ရာတော့အခုချိန်အထိမရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားလာခဲ့ပါသေးတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T