မနေ့ညက ဇေကမ္ဘာဝန်းအတွင်းရှိ Yum Yum စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

//s9.kh1.co/b8/b81ed788b2779a23d68049135ebe7e00ef2a2bea.jpg
နေ့စဉ်သတင်းများ

 ၀၂-ဒီ-၂၀၂၁ ၁am · လွန်ခဲ့သော ၂ နှစ် က

ယမန်နေ့ည ဒီဇင်ဘာ(၁)ရက်နေ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ည (၂၀၂၁)ခုနှစ် ၊ ဒီဇင်ဘာ (၁)ရက်နေ့၊ ည (၁၀) နာရီ (၄၀)မိနစ်အချိန်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ မီးလောင်မှုသို့ ထောက်ကြန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရွှေပေါက်ကံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရ ကြောင်း အသိပေးထားတာဖြစ်ပါတယ်။ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှလည်း ဝိုင်းဝန်းကာ ကူညီ ငြိမ်းသတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မီးလောင်မှု ဖြစ်ပွားခဲ့သောနေရာမှာ ယမ်ယမ်စက်ရုံဖြစ်တယ်လို့သိရပါတယ်။မီးလောင်မှု အဆင့်မှာ Level(2) အဆင့်ထိ ပြင်းထန်ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုများမှာလည်း အင်မတန် များပြားခဲ့ကြောင်းသိရပါတယ်။

မီးလောင်မှုကို ည (၁၁)နာရီ (၅၀)မိနစ် ခန့် ၌ ငြိမ်းသတ်နိုင်ခဲ့ပြီး မည်သို့သောအကြောင်းကြောင်းကြောင့် စတင်လောင်ကျွမ်းခဲ့လဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေဆဲလို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T