လူကြားထဲ ထင်းနေအောင် ဘယ်လို အလှပြင်ကြမလဲ

//s9.kh1.co/7a/7ae5fdb7e041e1da2853042846ff57d424d453a9.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၁-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

အခုဆို မင်္ဂလာဆောင်ရာသီ ရောက်ရှိလာပြီမို့ ပွဲတက်နေကြရပြီမဟုတ်လား။ ဒါကြောင့် ပျိုမေတို့အတွက် လူကြားထဲမှာ ထင်းပြီး လှပကျော့ရှင်းနေဖို့ သိထားသင့်တဲ့ မိတ်ကပ်လိမ်းနည်းအဆင့် ၁၂ ဆင့်ကို ပြောပြချင်ပါတယ်။

https://s9.kh1.co/__image/w=471,h=599,q=100/0c/0c8315f4d8c2723adc043147ced2591232ea9f33.jpg

၁။ အသားအရည်နဲ့ နှုတ်ခမ်းသားများ စိုပြည်နေအောင် ထိန်းသိမ်းပါ။

အစကောင်းမှ အနှောင်းသေချာ ဆိုသလို ဒီအဆင့်က အရေးအကြီးဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ဘယ်လောက်စျေးကြီးတာတွေ လိမ်းလိမ်း နဂိုရှိမှ နဂိုင်းထွက်မှာမို့ စကွင်းကဲဖို့ မမေ့သင့်ပါနော်။ အထူးသဖြင့် ခုလို ဆောင်းရာသီမှာ အသားမပတ်အောင် အစိုဓာတ်ထိန်းနိုင်မယ့် ခရင်မ်လေးလူးပြီး နှုတ်ခမ်းသားလေးတွေကိုလည်း gloss လေး အရင် ဆိုးပေးပါ။

https://s9.kh1.co/__image/w=600,h=350,q=100/1d/1dbbdbf5fc790920106af594553bb6a034f21959.jpg

၂။ Primer ခံပါ။

ပုံမှန် ထသွားထလာဆို ကိစ္စမရှိပေမဲ့ ပွဲတက်ဖို့ဆိုရင်တော့ မိတ်ကပ်သား ကြာကြာခံအောင် foundation မလိမ်းခင် primer လေး ခံပေးသင့်ပါတယ်။

//s9.kh1.co/08/082e134d0c60aeabe205040bf4dc81d27015f037.gif

၃။ Foundation အရွေးမှန်ပါစေ။

ကိုယ်လိမ်းနေကျ ကိုယ်နဲ့တည့်တဲ့ foundation ရှိတယ်ဆို အဲဒါလူးပါ။ ပွဲတက်ဖို့အတွက်ကတော့ အချိန်ကြာကြာခံမယ့် lightweight foundation type မျိုးကို ရွေးချယ်ပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/62/6240a8d11d1b98ecaee7a3b2fdb8d8b10a7ac9dc.jpg

၄။ Concealer သုံးဖို့ မမေ့ပါနဲ့။

အမည်းစက်နဲ့ အမာရွတ်ကလေးတွေ၊ dark circles တွေကို ဖုံးပေးဖို့ concealer လေး သုံးပါနော်။

https://s9.kh1.co/__image/w=650,h=717,q=100/16/164103d3d37480b827463260bb819cd565bcbb49.image-1

၅။ မိတ်ကပ်နေရာမရွေ့အောင် setting powder သုံးပါ။

ဒါလည်း primer လိုပါပဲ။ ထသွားထလာဆိုရင် ဒီလောက်ထိ မလိုပေမဲ့ ပွဲတက်ဖို့ကတော့ မိတ်ကပ်သားလည်း ကြာကြာခံ၊ အဆီပြန်တာကိုလည်း ထိန်းပေးတဲ့ setting powder လေး သုံးပေးရင် ပိုကောင်းပါတယ်။

https://s9.kh1.co/__image/w=412,h=480,q=100/34/34fc369794b92b4ba32201394bcb292c61b4942d.jpg

၆။ မေးရိုးအလှနဲ့ သတ်ချဖို့ bronzer သုံးပါ။

မေးရိုးမြင့်မြင့်လေးနဲ့ ထင်ပေါ်ချင်ရင်တော့ ကိုယ့် အသားအရောင်နဲ့ လိုက်ဖက်မယ့် bronzer လေး သုံးပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/3b/3bf55ab9b0bcbc593daa4efa7fff9211280afda6.jpg

၇။ ပါးနီဆိုးပါ။

ဒါကတော့ ဘယ်သူမှ မမေ့လောက်မယ့် မိန်းကလေးတိုင်းကြိုက်တဲ့ အဆင့်ပါ။ ပါးနီရဲရဲလေးလား၊ ပန်းနုသွေးလေးလား ဆိုတာတော့ ကိုယ်ဝတ်မယ့် အဝတ်အစားပေါ် မူတည်ပြီး ရွေးချယ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=488,q=100/5f/5fb14ab7799bcad0a00c40e6b1a0b71932a9e63c.jpg

၈။ ကြာရှည်ခံမယ့် နှုတ်ခမ်းနီ ဆိုးပါ။

ပွဲတက်ဖို့အတွက်ကတော့ ကြာရှည်ခံမယ့်၊ လွယ်လွယ်ကူကူမပျက်မယ့် matte type နှုတ်ခမ်းနီလေးတွေ ရွေးဖို့ အကြံပေးချင်ပါတယ်။

https://s9.kh1.co/__image/w=533,h=800,q=100/a9/a96fcb0a167f2b7ab4550faeadd1de45b09e31e2.jpg

၉။ မျက်ခုံးမွှေး ရေးရေးဆွဲမယ်။

ကိုယ့်မျက်နှာ၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ကာလာ အနေအထားကို ရွေးချယ်လိုက်ပါတော့။ ရှေ့မှာ အားလုံး လုပ်လာခဲ့ပြီးမှ မျက်လုံူခြယ်ဖို့ မမေ့ပါနဲ့နော်။ ဒါမှ လူကြားထဲ ထင်းပြီး ပေါ်လွင်နေမှာပါ။

https://s9.kh1.co/__image/w=650,h=432,q=100/0b/0b72ad25e9e247cbc0c6993f59b36feef9cc5515.jpg

၁၀။ Eye shadow ခြယ်မယ်၊ highlight တင်မယ်။

ကိုယ့်ဝတ်စုံနဲ့ လိုက်ဖက်မယ့် အရောင်လေး ခြယ်မလား။ ကပိုကရို မိန်းကလေးဆန်ဆန် ပန်းနုရောင်လေးပဲ ခြယ်မလား။ ကြိုက်ရာရွေးလိုက်ပါ။ ပြီးရင်တော့ glow နေဖို့ highlight လေးတွေ ပါးပေါ်၊ မျက်လုံး အတွင်းထောင့်နဲ့ မျက်ခုံးစပ်နားလေးတွေ တင်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=650,q=100/13/13f35ee5f4a9e13f9e68b9bca4849e395ff9bc46.png

၁၁။ Eyeliner ဆိုးပြီး မျက်တောင်ကော့ပါ။

ဒါလည်း အရေးကြီးတဲ့ အဆင့်ပါပဲ။ ဆွဲဆောင်မှု ရှိတဲ့ မျက်ဝန်းတစ်စုံရဖို့ eyeliner ပါးပါးလေး ဆိုးပြီး မျက်တောင်ကော့လိုက်ပါ။ ဒါဆိုရင် မိတ်ကပ်လိမ်းလို့ ပြီးပါပြီ။

https://s9.kh1.co/__image/w=650,h=423,q=100/da/da5d3282d1caa6245ce08ecef51ca6adcf2bad96.jpg

၁၂။ နောက်ဆုံး အဆင့်ကတော့ မိတ်ကပ်တွေ တစ်နေကုန် ခံအောင် setting spray ဖြန်းတာပါပဲ။ ကဲ.... တစ်နေကုန် လိမ့်ချင်တာလိမ့်။ လှနေတော့မှာပါ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T