ကိုယ်မြင်ဖူးထားသလို ပုံစံနဲ့ မဟုတ်တဲ့ သမိုင်းဝင် အထင်ကရ လူသားများ

//s9.kh1.co/48/482a5a0a1beffaa859139b932c21378fc79ea101.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ရုပ်ရှင်တွေနဲ့ မြင်နေကျ အင်တာနက်ပေါ်က ပုံတွေရယ်ကြောင့် တော်တော်များများဟာ အရင်ခေတ်က နာမည်ကြီးလူတွေကို တွေ့နေကျပုံစံတွေလို့ပဲ ထင်ထားကြပါတယ် ဒါပေမဲ့ အဲ့လိုပုံတွေနဲ့ အထောက်အထားတွေအရ ရလာတဲ့ ပုံတွေကို တိုက်ကြည့်တဲ့အခါ မှားနေတဲ့ အချက်တွေ တော်တော်များပါတယ် ဟိုးအရင် သမိုင်းထဲက နာမည်ကြီးတွေရဲ့ ရုပ်ရည်သွင်ပြင်ကို ဒီဖက်ခေတ် နည်းပညာတွေနဲ့ ပုံဖော်ကြည့်တဲ့အခါမှာလည်း တော်တော်လေးကွာခြားနေတာတွေကို တွေ့ကြရမှာပါ အဲ့လို ကွာခြားနေတာတွေထဲက တချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် 

ကလီယိုပတ်ထရာဟာ အရမ်းချောမောလှပတာကြောင့် ရုပ်ရှင်တွေ သီချင်းတွေထဲမှာ အလှနတ်ဘုရားနဲ့ တင်စားခံရပြီး နာမည်ကြီးလွန်းသူ တစ်ဦးပါ သူ့ကို ဂျူးလိယက်ဆီဆာနဲ့ မာ့ခ်အန်တိုနီတို့က ချစ်ကြတာကိုလည်း သိပြီးသားဖြစ်ကြမှာပါ အန်တိုနီဟာ သူမအတွက်နဲ့ စစ်ပွဲတစ်ပွဲတောင် တိုက်ခဲ့ပါသေးတယ်

photo credit
photo credit

ဒါပေမဲ့ အချက်အလက်တွေအရ သူမရဲ့ ရုပ်ရည်ဟာ ပုံမှန်ပါပဲ သူမပုံကို ဆွဲထားတဲ့ ယနေ့ခေတ် ပန်းချီတွေကို ကြည့်မယ်ဆိုရင် သူ့အလှကို မေးခွန်းထုတ်စရာပေါ်လာမှာပါ သူ့ပုံကို ထွင်းထားတဲ့ ဒင်္ဂါးပြားတွေမှာဆိုလည်း သူမကို နှာခေါင်းကြီးကြီးနဲ့ ပုံဖော်ထားတာတွေကြောင့် သူမရဲ့ သူဉာဏ်ကောင်းမူကြောင့်ပဲ အောင်မြင်မူအများကြီး ရခဲ့တယ်လို့ ထင်ရပါတယ် 

photo credit
photo credit

မိုနာလီဆာ ပန်းချီကားကို ဆွဲခဲ့တဲ့ လီယိုနာဒို ဒါဗင်ချီကိုလည်း ညှိုးနွမ်းနေတဲ့ အဖိုးကြီးပုံစံ ပုံဖော်တတ်ကြပါတယ် ဒါပေမဲ့ သူအသက်ကြီးနေတဲ့ အချိန်တုန်းကတောင် ဒါဗင်ချီဟာ သူ့ရဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်ကြောင့် နာမည်ကြီးခဲ့သူပါ သူ့ကို မော်ဒယ်အဖြစ် ကမ်းလှမ်းမူတွေတောင် ရှိခဲ့ပါတယ် သူဟာအရမ်းလည်း သန်မာခဲ့ပြီး မြင်းခွာတွေကို လက်နဲ့ ကွေးပြခဲ့တာကြောင့် လူတွေဟာ သူ့ကို အထင်ကြီးခဲ့ကြပါတယ် 

photo credit
photo credit

ဗစ်တိုးရီးယားဘုရင်မကြီးကိုလည်း အားလုံးက ပြည့်ပြည့်ဖောင်းဖောင်း မိန်းမတစ်ယောက်အဖြစ် မြင်ယောင်ကြမှာပါ တကယ်တော့ သူမဟာ အဝလွန်နေတဲ့ မိန်းမကြီးတစ်ယောက်ဖြစ်ပါတယ်

photo credit
photo credit

သူမရဲ့ အတွင်းခံတွေဟာ ၅၂ လက်မအထိပါ အကျယ်ရှိခဲ့ပြိး စားတာတွေ တအားများလွန်းလို့ လမ်းတောင် မနည်းလျှောက်ခဲ့ရပါတယ်

Native American မိန်းကလေးတစ်ဦးဖြစ်တဲ့ Pocahontas ကိုလည်း ဒစ်စနေ မင်းသမီးတစ်ပါးလို တင်စားကြပေမဲ့ တကယ့်လက်တွေ့မှာ သူဟာ မင်းသမီးတစ်ယောက်နဲ့ ဘာမှမဆိုင်ပါဘူး ဗြိတိန်တွေနဲ့ မတွေ့ခင်တုန်းက သူမဟာ ကတုံးနဲ့ပါ

photo credit
photo credit

အဲ့အပြင် အဝတ်အစားမပါပဲနဲ့လည်း လျှောက်သွားနေတတ်ပါတယ် ဒါတွေက အဲ့ခေတ်တုန်းက သူမအရွယ် မိန်းကလေးတွေအတွက် ပုံမှန်ပါပဲ ပြီးတော့ Native American တွေမှာ တော်ဝင်မျိုးနွယ်မရှိတာကြောင့် သူဟာ မင်းသမီးတစ်ပါးလည်း မဟုတ်ပါဘူး 

နာမည်ကြီးတဲ့ ဖာရိုဘုရင် တာ့ထ်ဟာ အသက် ၁၉ နှစ်မှာ မာလာရီယာရောဂါကြောင့် သေဆုံးခဲ့ပါတယ် သူ့ရဲ့ထင်ရှားတဲ့ ခေါင်းပုံ ရုပ်ထုကြီးကို သိကြမှာပါ တကယ်တော့ အဲ့ ရုပ်ထုကြီးက ဖာရိုဘုရင်တစ်ယောက်ရဲ့ ပုံစံမဟုတ်ပါဘူး

photo credit
photo credit

တကယ်လက်တွေ့မှာ တာ့ထ်ဟာ ကိုယ်အင်္ဂါချို့ယွင်းနေပြီး အားနည်းပါတယ် မျိုးရိုးနီးစပ်သူအချင်းချင်းယူပြီး မွေးတာကြောင့် သူ့မှာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမူ ပါလာပါတယ် သူဟာ သွားနည်းနည်းခေါပြီး ခြေတစ်ဖက်လည်း ခွင်နေပါတယ် ပေါင်တွေကလည်း ကွတတဖြစ်နေပြီး ခြေထောက်အရိုးနဲ့ဆိုင်တဲ့ ရောဂါတွေလည်း ရှိနေပါတယ် တာ့ထ်ရဲ့ ခြေထောက်တစ်ဖက်ဟာ ကျိုးနေပြီး ဘယ်တုန်းကမှ မကုသခဲ့တာကြောင့် လမ်းလျှောက်တုတ်ကို အသုံးပြုရတဲ့အတွက် သူ့ပုံတွေအားလုံးမှာ သူဟာ တုတ်ချောင်းတစ်ချောင်းကို ကိုင်ထားတာပါ 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T