ဆေးရုံးက သူနာပြုတွေကို မူးလဲစေခဲ့ပြီး အသက်ရှုကြပ်စေခဲ့တဲ့ အဆိပ်ရှိအမျိုးသမီး

//s9.kh1.co/39/39da08571d22e84c355660ef1443633a23b5cca3.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ရာမီရက်ဇ်ရဲ့ သာမာန်ဘ၀လေးဟာ ဖေဖော်ဝါရီ ၁၉၊ ၁၉၉၄ တွင် ပုံမှန်မဟုတ်သောအခြေအနေကို ပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်ကျခြင်းတို့ကို ခံစားခဲ့ရပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် Riverside ရှိ အထွေထွေရောဂါကုဆေးရုံကြီးဆိကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။ ရာမီရက်ဇ် အသက်မှာ ၃၁ နှစ်သာရှိသေးပြီး သူမခုလိုဖြစ်ရခြင်းမှာ ရုတ်တရက် ယိုယွင်းလာတယ်လို့ ယူဆရတဲ့ သားအိမ်ခေါင်းကင်ဆာရဲ့ နှောင်းပိုင်းအဆင့်လို့ သတ်မှတ်ခဲ့ကြပါတယ်။ သူမအသက်ကို ကယ်တင်ဖို့ ဆရာဝန်တွေက အမြန်ဆုံးလုပ်ခဲ့ပေမယ့် ဘာမှ အလုပ်မဖြစ်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=200,h=200,q=100/bb/bb7cc53f1d5225922777eaf667795b84c1e053de.jpeg

သူနာပြုများဟာ ရာမီရက်ဇ်ရဲ့ အင်္ကျီကို ဖယ်ရှားလိုက်ရာ သူမရဲ့ အရေပြားပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ အဆီပြန်နေတဲ့ အစင်းကြောင်းကို တွေ့လိုက်ရပါတယ်။ သူမရဲ့ ပါးစပ်ကနေ အသီးအနှံများ၊ ကြက်သွန်ဖြူနံ့များ ထွက်‌ေနခဲ့ပါတယ်။ အဲ့နောက် သူမကဲ့ သွေးနမူနာကို ယူပြီး စစ်ဆေးကြည့်ရာ မနီလာရောင် အမှုန်အမွှားများ သွေးထဲတွင် လွင့်မျောနေတာကို တွေ့ရှိလိုက်ရပါတယ်။ အဲ့အပြင် သူမရဲ့ သွေးများဟာလည်း အမိုးနီးယားကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အနံ့များထွက်နေပါတယ်။ အခြေအနေ‌ေတွက ထူးဆန်းစွာ ပြောင်းလဲခဲ့ပြီး အခန်းထဲက သူနာပြုတွေ တယောက်ပြီး တယောက် ရုတ်တရတ် မူးလဲကုန်ကြပါတယ်။ အခြားသူများမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပြီး သူနာပြုတစ်ဦးဟာ လေဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ ဘာကြောင့်ဆိုတာကို‌ေတာ့ မည်သူမှ မသိခဲ့ကြပါဘူး။

https://s9.kh1.co/__image/w=640,h=480,q=100/be/be01e3be1e554a72f0691bec5c9e1d7cb041ba94.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a3c04b88b3845dce6070fe1771b74e658de07b37.webp

ဆေးရုံအသင်းရဲ့ အကောင်းဆုံးကြိုးပမ်းမှုများကြားမှာပဲ ရာမီရက်ဇ်ဟာ ထိုညတွင် သေဆုံးသွားခဲ့ပါတယ်။ အထူးအဖွဲ့တစ်ဖွဲ့ဟာ သူနာပြုများလို မူးလဲကျခြင်းမှ ကာကွယ်ရန် hazmat ဝတ်စုံများဝတ်ဆင်ခဲ့ပြီး သူမကဲ့ခန္ဓာကိုယ်ကို စစ်ဆေးရန် ရောက်ရှိလာခဲ့ပါတယ်။ ရာမီရက်ဇ်ဟာ ဆေးဘက်ဆိုင်ရာပြဿနာများစွာကို ကျယ်ပြန့်စွာမဖော်ပြဘဲ သူမရဲ့ခန္ဓာကိုယ်ကို မည်သူမျှ စစ်ဆေးနိုင်ခြင်း မရှိတာကြောင့် “အဆိပ်ရှိအမျိုးသမီး” ဟု အမည်ပြောင်ရခဲ့ပါတယ်။ တာဝန်ရှိသူများက ရာမီရက်ဇ်ရဲ့ ရုပ်အလောင်းကို ခွဲစိတ်မှု (၃) ကြိမ်ပြုလုပ်ခဲ့ပြီး သူမရဲ့ ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကြောင့် နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။ သို့သော်လည်း ခွဲစိတ်စစ်ဆေးမှုများဟာ ရာမီရက်ဇ်ရဲ့ ထူးဆန်းတဲ့ ဝေဒနာများအတွက် တိကျသေချာတဲ့ အကြောင်းပြချက်နှင့် ဆေးရုံဝန်ထမ်းအချို့ ဘာကြောင့် ထူးထူးခြားခြား နာမကျန်းဖြစ်ရခြင်းကို အတိအကျ မဖော်ပြခဲ့ပေ။ သူမဟာ Batman ရဲ့ ဗီလိန်တွေထဲက Poison Ivy တောင်တူနေပါတယ်။

https://s9.kh1.co/__image/w=350,h=531,q=100/e8/e885e899f6e184069439edfde14c0f4df8072222.jpeg

သတင်း အရင်းအမြစ်Allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T