မတူညီတဲ့ ဘောလုံးပေါင်း ၁၂၃၀ ကိုစုဆောင်းပြီး ကမ္ဘာ့ဂင်းနစ်စံခ‌ျိန် တင်ခဲ့သူ

//s9.kh1.co/d0/d016824890f69199cc0345e3e96978e2eee992de.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

မက္ကဆီကိုဘောလုံးပရိသတ်တစ်ဦးဟာ မတူညီတဲ့ ဘောလုံးပေါင်း ၁၂၃၀ ကိုစုဆောင်းခြင်းဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်ကိုချိုးဖျက်ခဲ့ပါတယ်။ Puebla မှ Rodrigo Romero Saldivar က သူရဲ့ စုဆောင်းမှုကို ၂၀၀၆ ခုနှစ် ဂျာမနီမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား‌ေဘာလံပွဲကတည်းက စတင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံရှိ စတိုးဆိုင်မျိုးစုံမှ ဘောလုံးများဝယ်ယူလာတာနှင့်အမျှ သူရဲ့စုဆောင်းမှုဟာ ကြီးထွားလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=785,q=100/5d/5d84a368386f75e2bde48ab2e71d2f28998386af.jpg
https://s9.kh1.co/__image/w=650,h=434,q=100/61/61681309b75ca61293b4744c5751cc2a2bb41d29.jpeg

နောက်ပိုင်းတွင် အွန်လိုင်း‌ေပါ်မှ တဆင့် ဘောလုံးများဝယ်ယူကာ စုဆောင်းခဲ့ကြောင့် Saldivar မှ ပြောကြားခဲ့ပါတယ်။ Saldivar ရဲ့စုဆောင်းမှုဟာ အာဂျင်တီးနားနိုင်ငံက Fernando Fuglini ရဲ့ ဘောလုံး ၈၆၁ လုံး‌ စုဆောင်းမှုကို ချိုးဖျက်ကာ စံချိန်အသစ် တင်ခဲ့တာဖြစ်ပါတယ်။ Saldivar က သူ့ရဲ့ကမ္ဘာ့စံချိန်ဟာ တခြားသူတွေကို လှုံ့ဆော်မှုဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/97/975b20ece6a7140b6ab03164ccc9ae8b3b8d85ec.jpeg
https://s9.kh1.co/__image/w=650,h=816,q=100/5e/5e91de54918ecfb6a647877b89f02528e9501fae.jpeg

" မင်းစိတ်ထဲထားထားရင် အရာရာအောင်မြင်နိုင်တယ်ဆိုတာကို ငါပြချင်တယ်၊ ဘဝမှာ ဘယ်သူမှ မင်းကို ဘာမှမပေးဘူး၊ ဒါပေမယ့် အဲဒါကို ငါရှာခဲ့လို့ ငါအရမ်းကံကောင်းတယ် " ဟု Sadivar က ဂင်းနစ်မှတ်တမ်းတွင် ပြောကြားခဲ့ပါတယ်။ "ကံတရားက သူ့အလိုလိုရောက်လာတာမဟုတ်ဘူး၊ မင်းတွေ့ပြီး မင်းအိပ်မက်တွေကို စွဲလမ်းပြီး တိုက်ပွဲဝင်ရင် တံခါးတွေနဲ့ လမ်းတွေက ပိုလွယ်လာလိမ့်မယ်။"

သတင်း အရင်းအမြစ်UPI

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T