ညဘက်အိမ်ပြန်လမ်းမှာ ကားဘီးပေါက်ပြီး အဖြစ်ဆိုးနဲ့ ကြုံခဲ့ကြတဲ့ သားအဖ

//s9.kh1.co/b2/b233cf4588ce5cfb2ec56f46f55c34c36b6695f3.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ညမှာ အဖေနဲ့ သမီးဖြစ်သူတို့ဟာ ‌ကားတစ်စီးနဲ့ပြန်လာခဲ့ကြပါတယ်။ တစ်နေလုံး သမီးဖြစ်သူရဲ့ အမေကိုဆေးရုံးမှာ ပြုစုပြီးနောက် ပြန်လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြန်လာနေချိန်မှာ မိုးများစတင်ရွာလာခဲ့ပြီး ကားအမိုးက မိုးသံတွေကြောက် သမီးဖြစ်သူဟာ ကြောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကားမောင်းနေရင်း ကားဘီးဟာ မတော်တဆ ကျောက်တုံးတစ်တုံးနဲ့ တိုက်မိပြီး မိုးလည်းရွာနေတာကြောင့် လမ်းချော်ကာ ကျောက်နံရံနဲ့ ဝင်တိုက်မိခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=306,q=100/bd/bd36a2248184501a552238eccee6c48a4c049bd1.jpg

အဲ့နောက်အဖေဖြစ်သူလည်း သမီးဖြစ်သူအဆင်ပြေမပြေ ကြည့်ရှု့ပြီးနောက် ကားမှာဘာတွေထိခိုက်သွားလဲဆိုတာ စစ်ဆေးခဲ့ပါတယ်။ ကားအရှေ့ပိုင်းအခြေအ‌နေကတော့ အဆင်မပြေခဲ့ပါဘူး။ " ကားဘီးတွေကတော့ နှစ်ခုလုံး ပေါက်သွားပြီးသမီးရေ " လို့အဖေကပြောပါတယ်။ သမီးက " အဖေပြင်နိုင်တယ်မလား " ဆိုပြီးမေးခဲ့ပြီး အဖေက " နှစ်ခုလုံးတော့မရဘူး ဘီးကတစ်လုံးပဲအပိုပါတာ၊ ဒီ‌နဲ့သိပ်မဝေးတဲ့နေရာမှာ ဆိုင်တစ်ဆိုင်တော့ရှိတယ်၊ အဲ့ကနေ ဘီးတစ်လုံးယူပြီပြန်လာခဲ့မှာမို့ ကားထဲမှာပဲစောင့်နေ သမီး " ဆိုပြီးပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=253,q=100/5d/5d36cc46573369c524800ac29df65dfacf6acd8d.jpg

သမ‌ီးဖြစ်သူကလည်း " ဟုတ်ကဲ့ပါ " ပြောပြီး သိပ်မကြာစေဖို့ မှာလိုက်ပါတယ်။ အဲ့နောက်ကားထဲကနေ ကြည့်နေရင်း သူ့အဖေဟာ မိုးရေထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်နာရီလောက်ကြာသွားပေမယ့် သူမအဖေက ပြန်မရောက်‌ေသးပါဘူး။ ပြန်ရောက်သင်‌့နေပြီဆိုပေမယ့် ရောက်ရှိမလာသေးတာကြောင့် သူမစိတ်ပူကာ ကြောက်လန့်နေခဲ့ပါပြီ။ အဲ့နောက်မိုးရေထဲကနေလူတစ်ယောက် တစ်ခုခုသယ်လာပြီး ထွက်လာတာကိုတွေ့လိုက်ရတာမို့ သူမအဖေလို့ထင်ခဲ့ပေမယ့် နောက်သေချာကြည့်မှ သူမအဖေမဟုတ်ပဲ သူစိမ်းတစ်ယောက်ဖြစ်နေပါတယ်။ အဲ့နောက် ကောင်မလေးကလည်း ကားတံခါးတွေသေချာပိတ်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=412,q=100/08/08f843ac9d49e0bb0bb63c27a2471525d92167cf.jpg
https://s9.kh1.co/__image/w=400,h=300,q=100/9f/9ff41b9858ae3be22063018f256c3eb27603c8fa.jpg

အန‌ီးကပ်လာတဲ့အချိန်မှာ သားသတ်သမား‌ေတွကိုင်တဲ့ ဓါးကြီးနဲ့ ဒီလူဟာ သူမကားအနားမှာရပ်လိုက်ပါတယ်။ ထိုသူလက်ထဲမှာကိုင်ထားတာ တခြားမဟုတ် သူမအဖေရဲ့ ခေါင်းပြတ်ကြီးသာဖြစ်နေပါတယ်။ သူမလည်း သွေးပျက်ကာ ငယ်သံပါအောင် အော်ဟစ်ကြောက်ရွံ့နေခဲ့ကာ ထိတ်လန့်လွန်ပြီး အသက်ရှုမရအောင် သူမ ကြောက်နေခဲ့ပါတယ်။ ထိုသူကတော့ မိုးရေထဲမှာ သူရဲ့မျက်လုံးနီကြီးတွေနဲ့ စိုက်ကြည့်လိုနေခဲ့ပါတယ်။ အဲ့နောက် အနီးကပ်စိုက်ကြည့်လိုက်ပြီ ကောင်မလေးကို တစ်ခုခုပြလိုက်ပါတယ်။ ထိုလူပြလိုက်တဲ့အရာကတော့ သူမအဖေရဲ့ ကားသော့လေးပဲ ဖြစ်ပါတယ်။ ညဘက်တွေမိုးရွာလို့ရှိရင် ကားကိုသေချာဂရုစိုက်မောင်းသင့်ပါတယ်။ ဒါမှကားဘီးမပေါက်ပဲ အသက်အန္တရာယ်မရှိ အိမ်ကိုပြန်ရောက်နိုင်မှာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/26/268ec0103ac015b4867a9050b1f206d94cba0370.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T