ဈေးသက်သာစွာနဲ့ ၀ယ်ယူလာခဲ့တဲ့ ဖုန်းအသစ်လေး

//s9.kh1.co/27/27a027548eb541f24835f21b177d35f2daa29c85.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဖုန်းထဲမှာ ရိုက်ကူးခဲ့တဲ့ နောက်ဆုံးဓာတ်‌ပုံကြောင့်

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ၆ နှစ်ရှိပြီးဖြစ်တဲ့ သားလေးနဲ့အတူနေထိုင်လျက်ရှိပါတယ်။ တစ်ရက်မှာ သူမဟာ ဈေးသက်သာစွာနဲ့ ဖုန်းအသစ်တစ်လုံး၀ယ်ခဲ့ပါတယ်။ အလုပ်ကနေပြန်လာတဲ့အချိန်မှာတော့သူမဟာ ဟင်းချက်ဖို့ ပြုလုပ်ခဲ့ပြီး ဖုန်းကို စားပွဲခုံးပေါ်တင်လိုက်ပါတယ်။ သူ့သားက အဲ့နောက်အခန်းထဲ၀င်လာပြီး ဖုန်းကိုလည်းတွေ့ရော အမေ သားဖုန်းနဲ့ဆော့လို့ရမလားဆိုပြီး မေးခဲ့ကာ ဘယ်သူ့ကိုမှဖုန်းမခေါ်ပဲ စာတွေကိုလည်းမဖျက်ရင် ဆော့လို့ရတယ်ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=300,q=100/a6/a6116bcf2ebb9fe51be44fe9b68d8bdba6fc64d0.jpg

ဒါနဲ့ပဲ သူ့သားက‌လည်း ဟုတ်ကဲ့ပါဆိုပြီး ပြောကာ သူ့ရဲ့အိပ်ခန်းထဲကို ဖုန်းယူသွားခဲ့ပါတယ်။ ည ၁၀ နာရီလောက်ကျတော့ သူမလည်း အပေါ်ထပ်ကိုတက်ခဲ့ပြီး သူ့သားအခန်းကိုထဲ၀င်ကြည့်လိုက်ရာ သူ့သားအိပ်ပျော်နေပါပြီ။ ဖုန်းအသစ်လေးကတော့ ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ကျနေခဲ့ပါတယ်။ အဲ့နောက်သူမလည်းဖုန်းကိုယူပြီး သူ့သားဘာတွေများ လုပ်ထားမလဲဆိုပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=640,q=100/c7/c741e81f43cb10259829fa8057c56cb0d595dce2.jpg

စစ်ဆေးကြည့်တော့ သူ့သားကဘာမှမဖျက်ထားပေးမယ့် ဖုန်းကိုတော့ အနည်းငယ်ပြောင်းလဲထားတာ တွေ့ရပါတယ်။ အဲ့တာတွေကတော့ Wallpaper တွေ ဖုန်းသံအသစ်တွေ Theme တွေကို ပြောင်းလဲထားတာပါ။ အဲ့နောက် ပုံအသစ်တွေကို ရိုက်ကူးထားတာကို တွေ့မိပြီးကြည့်လိုက်ရာ သူ့သားလေးသူကိုသူ ရိုက်ထားတာဖြစ်ပြီး သူလည်းချစ်ဖို့ကောင်းလိုက်တာဆိုပြီး ပြောခဲ့ပါတယ်။ ပုံတွေကြည့်နေရင်း နောက်ဆုံးပုံတစ်ပုံကြောင့် သူမ အံ့ဩခဲ့ရပါတယ်။ အဲ့တာကတော့ သူ့သားအိပ်နေတာကို ရိုက်ထားတဲ့ပုံဖြစ်ပြီး ပုံရဲ့ဘယ်ဘယ်မှာလည်း အရာတစ်ခုပေါ်နေပါတယ်။ သေချာကြည့်လိုက်ချိန်မှာတော့ ထိတ်လန့်စရားကောင်းတဲ့မျက်န‌ှာနဲ့ အဖွားအိုရဲ့ ပုံပဲဖြစ်နေပါတော့တယ်။ ပုံကိုလည်းအောက်မှာ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=882,q=100/f3/f3293484b6abf6cb667cd31a15a30d9fcb6ef206.jpg
https://s9.kh1.co/__image/w=480,h=360,q=100/1f/1f9af1fa6b8629b8bc7ad3016805adf003043d9f.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T