ခရစ်စမတ်အချိန်ကို နောက်တစ်ခေါက်ပြန်ရောက်ပါတော့မယ် ပတ်ဝန်းကျင်မှာလည်း ခရစ်စမတ်သီချင်းတွေ ခရစ်စမတ် သစ်ပင်တွေနဲ့ ခရစ်စမတ် အငွေ့အသက်တွေကို စတင်ခံစားနေရပါပြီ တီဗွီလိုင်းတွေကနေ ခရစ်စမတ်ဇာတ်ကားတွေလာ အင်တာနက်ပေါ်မှာလည်း ခရစ်စမတ်အတွက် ပြင်ဆင်ကြသူတွေကိုပဲ တွေ့ရမှာပါ ခရစ်စမတ်နီးရင် တခြားဘာကိုမှ စိတ်မပါပဲ ဇာတ်ကားကြည့်တတ်ကြတဲ့ လူတစ်မျိုးရှိပါတယ် ဒါပေမဲ့ နှစ်တိုင်း ဇာတ်ကားဟောင်းတွေပဲ ကြည့်နေရလို့ ပျင်းနေကြမှာပါ စိတ်မပူပါနဲ့တော့ အဲ့လိုလူတွေအတွက် MCU ကနေ ခရစ်စမတ်အတွက် Hawkeye စီးရီးကို လွှင့်နေပြီမလို့ပါ Disney plus မှာ အပိုင်းနှစ်ပိုင်း ထုတ်လွှင့်ထားပြီးပါပြီ Young Avenger တစ်ယောက်ဖြစ်လာမဲ့ Kate Bishop နဲ့ Hawkeye တို့အကြောင်းပါ ဒီမှာတော့ မကြည့်ရသေးတဲ့သူတွေအတွက် Spoil မိမှာစိုးတာကြောင့် အကုန်အပြည့်အစုံတော့ မပြောပြတော့ပါဘူး
စီးရီးထဲမှာဆို Hawkeye ကြီး မင်းသား Jeremy Renner နဲ့ အတူ MCU ထဲကို အခုမှဝင်လာတဲ့ ကာရိုက်တာ Kate Bishop နေရာမှာတော့ မင်းသမီး Hailee Steinfeld တို့ပါဝင်ပါတယ် Kate Bishop ပုံစံဟာ comic ထဲကအတိုင်း တော်တော်လေး ဆင်တူတာမလို့ comic ပရိသတ်တွေကအစ သဘောကျနေကြပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Clink Barton က Endgame အပြီးမှာ သူ့မိသားစုကို ပြန်ရခဲ့ပြီးနောက် ပထမဦးဆုံး ခရစ်စမတ်ကို မိသားစုနဲ့အတူ ကုန်ဆုံးဖို့ စီစဥ်နေထားတာပါ
တစ်ချိန်တည်းမှာပဲ Kate Bishop က သူ့ပထွေးဖြစ်လာမဲ့ လူကို လိုက်စုံစမ်းရင်း မှောင်ခိုလေလံပွဲတစ်ခုကနေ ရိုနင်ဝတ်စုံကို မတော်တဆရရှိခဲ့ပြီး လေလံပွဲကို တိုက်ခိုက်ခဲ့သူတွေကို ပြန်တိုက်ခိုက်ပါတော့တယ် အဲ့လိုနဲ့ ရိုနင်ကိစ္စက သတင်းထဲပါပါလာပြီး Clink က အဲ့သတင်းကို သိသွားပါတယ် ရိုနင်ကတော့ Clink ပါပဲ ဒါပေမဲ့ သူမှန်းဘယ်သူမှ မသိခဲ့ကြပါဘူး ရိုနင်နဲ့ ရန်စရှိခဲ့သူတွေဟာ Bishop ကို ရိုနင်အစစ်လို့ထင်ပြီး လိုက်တိုက်ခိုက်ကြတာကို Clink က ကြားဝင်ရင်းနဲ့မှ သူတို့နှစ်ယောက်တွေ့ကြပြီး ပြဿနာတွေရှင်းဖို့ ကြိုးစားကြပါတော့တယ်
Bishop ကလည်း တိုက်ခိုက်ရေးပိုင်း ကျွမ်းကျင်သူတစ်ယောက်ပါပဲ Loki နယူးယောက်ကို လာတိုက်တဲ့ Battle မှာ အဖေကို ဆုံးရှုံးခဲ့ရပြီး သူ့ကို Clink က ကယ်ခဲ့တာကြောင့် Hawkeye ကို သူ့ရဲ့ Hero အဖြစ် သတ်မှတ်ထားသူပါ ဒီဇာတ်ကားထဲမှာ အရင် MCU ကားတွေရဲ့ Reference တွေ Roger The Musical ပါပါပြီး တခြား တော်တော်များများ သတိမထားမိတဲ့ Easter Egg တွေအများကြီး ပါဝင်ပါသေးတယ် အဲ့အပြင် ဒီစီးရီးမှာ Kingpin ကြီးလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်
လက်ရှိ Episode 1 Never meet your heros နဲ့ Episode 2 Hide and Seek ဆိုပြီး Episode နှစ်ခုထွက်ထားပါပြီ ခရစ်စမတ်အချိန်ကို အခြေခံထားတာကြောင့် ဒီအချိန်ကြည့်ဖို့ အကောင်းဆုံးပါပဲ ဇာတ်ကားထဲမှာ အရင် Avenger တွေရဲ့ အမှတ်တရတွေကို Roger The Musical နဲ့ သရုပ်ဖော်ပြတာတွေလည်း မြင်ရမှာပါ အဲ့အပြင် ခုထိမပြရသေးတဲ့ အရင် Avenger တွေနဲ့ဆက်နွယ်တာတွေ ဗီလိန်တွေ အများကြီး ရှိပါသေးတယ် အက်ရှင်တွေလည်း အများအပြားပါမှာ ဖြစ်တာကြောင့် ဒီခရစ်စမတ်အတွက်တော့ ပြီးပြည့်စုံတဲ့ စီးရီးတစ်ခုဖြစ်လာဦးမှာပါ