တစ်ကိုယ်လုံးကို ကြိုးများဖြင့် ချည်နှောင်ထားတဲ့ ထူးထူးခြားခြား မမ်မီရုပ်ကြွင်းတစ်ခုကို ပီရူးမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/4d/4d14961780a78a9e092998014ac7c8eb5058ff3c.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ပီရူးနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းတစ်နေရာမှာ အနည်းဆုံး နှစ်ပေါင်း (၈၀၀) ခန့် သက်တမ်းရှိတဲ့ မမ်မီရုပ်ကြွင်းတစ်ခုကို ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း တူးဖော်မှုတွင် ပါဝင်ခဲ့တဲ့ ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ တစ်ကိုယ်လုံး ခြောက်သွေ့နေတဲ့ ရုပ်ကြွင်းဟာ တောင်အမေရိကနိုင်ငံရှိ ကမ်းရိုးတန်းနှင့် တောင်တန်းများကြားမှာ နေထိုင်ခဲ့ကြတဲ့ လူတစ်ဦးဖြစ်တယ်လို့လည်း မှတ်ချက်ပြုထားကြပါတယ်။

Photo Credit - Inquire.net
Photo Credit - Inquire.net
Photo Credit - Inquire.net
Photo Credit - Inquire.net

အဆိုပါ မမ်မီရုပ်ကြွင်းဟာ ကျား/မ ခွဲခြားလိုမရနိုင်သေးပေမယ့် ရုပ်ကြွင်းရဲ့အနေအထားအရ တစ်ကိုယ်လုံးကို ကြိုးများဖြင့် ချည်နှောင်ထားပြီး ဒေသဆိုင်ရာ ဈာပနပုံစံရဲ့ အစိတ်အပိုင်းနည်းအတူ မျက်နှာကိုလည်း လက်များဖြင့် အုပ်ထားတဲ့အတိုင်းတွေ့ရတယ်လို့ ဆိုပါတယ်။ယင်းမမ်မီရုပ်ကြွင်းကို လီမာမြို့အစွန်ရှိ မြေအောက်အဆောက်အအုံတစ်ခုအတွင်းမှ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Inquire.net
Photo Credit - Inquire.net
Photo Credit - Inquire.net
Photo Credit - Inquire.net

တွေ့ရှိခဲ့တဲ့ သင်္ချိုင်းဂူအတွင်းမှာတော့ ရှေးဟောင်း ကြွေထည်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များနှင့် ကျောက်တုံးကိရိယာများကို တွေ့ရပြီး ဒါဟာ သေသူကို ပူဇော်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်တဲ့ Machu Picchu ရဲ့အိမ် ပီရူးဟာ လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)က တောင်အမေရိကရဲ့ တောင်ပိုင်းကို လွှမ်းမိုးထားခဲ့တာ ဖြစ်ပါတယ်။ အီကွေဒေါနှင့် ကိုလံဘီယာမှ ချီလီအလယ်ပိုင်းအထိ အင်ကာအင်ပါယာက ကျယ်ပြန့််ခဲ့ပြီး ယဥ်ကျေးမှုများ ထွန်းကားခဲ့တဲ့ နေရာဒေသတစ်ပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Inquire.net

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T