ခြေကျင်းဝတ်ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ ဘောလုံးကစားသမား နေမာ

//s9.kh1.co/0c/0c76e0475f104d671f61246b0b866a00853cfe58.jpg
အားကစားသတင်းများ

 ၂၉-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကန်ချက်ပြင်းပြင်းနဲ့ ခြေစွမ်းပြတတ်တဲ့ ဘောလုံးကစားသမား နေမာဟာ... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

PSG အသင်းနဲ့ ဘရာဇီးလ် အသင်းရဲ့ အဓိကတိုက်စစ်မှူးကစားသမားတစ်ဦးဖြစ်တဲ့ ဘောလုံးကစားသမား နေမာ ဟာ သူ့ရဲ့ သေသပ်လှပပြီး ပြင်းထန်တဲ့ ကန်ချက်တွေကြောင့် ပရိတ်သတ်အကြား ရေပန်းစားအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ခြေစွမ်းကောင်းတွေနဲ့ ဘောလုံးပရိတ်သတ်တွေအကြား နာမည်ကြီးတဲ့ ကစားသမား နေမာတစ်ယောက် လက်ရှိမှာတော့ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

နေမာဟာ စိန့်အက်တီယန် နှင့် ပီအက်စ်ဂျီပွဲစဉ်မှာ ဘယ်ဘက် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မယ်လို့ သိရပါတယ်။ သူ ဟာ စိန့်အက်တီယန်အသင်းရဲ့ နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း ဘယ်ဘက် ခြေကျင်းဝတ် ခေါက်သွားခဲ့တာ ဖြစ်ပြီး ခြေကျင်းဝတ် အဆစ်လွဲတာနဲ့ ခြေကျင်းဝတ် ကျိုးသွားတာတို့ ဖြစ်နိုင်တာကြောင့် နေမာအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့ အချိန်အတော်ကြာ အနားယူရတော့မယ်လို့ ပြင်သစ် ဆရာဝန်တွေက ပြောပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

နေမာဟာ ယခင်ကလည်း ဘယ်ဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည် အနားယူခဲ့ရဖူးပြီး ဒဏ်ရာဟောင်းသာ ပြန်ထိသွားခဲ့တယ် ဆိုရင် လက်ကျန် ဘောလုံးရာသီကိုတောင် လွဲချော်ရနိုင်ပါတယ်။ပရိတ်သတ်တွေအနေနဲ့ နေမာတစ်ယောက် သိပ်မကြာခင်မှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပွဲစဉ်မှာပါ အနားယူရမလားဆိုတာကို စိတ်ပူနေကြတာပဲဖြစ်ပါတယ်။နေမာ အမြန်ဆုံးပြန်လည်သက်သာပါစေလို့ပဲဆုတောင်းလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T