အချိန်နောက်ပြန်သွားတဲ့ Concept နဲ့ TENET ရုပ်ရှင်ကား

//s9.kh1.co/70/701d8a0f1cf7f3f660b75b4175026be9ad57e22c.jpg
ဖျော်ဖြေရေးများ

 ၂၇-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

Time travel ဇာတ်ကားတွေကိုကြည်ဖူးကြပါသလား တော်တော်များများ အချိန်ခရီးသွားတဲ့ ဇာတ်ကားတွေဟာ တစ်ခုတည်းရှိတဲ့ Timeline ပေါ်မှာ ခုန်ကူးနေကြတဲ့ ဇာတ်ကားတွေနဲ့ (ဥပမာ Back to The Future) ဒါမှမဟုတ် Multiverse တွေကို ခုန်ကူးနေကြတဲ့ ဇာတ်ကားတွေ(ဥပမာ MCU ဇာတ်ကားများ) နဲ့ ထပ်ခါတလဲလဲ Timeloop ဖြစ်နေတတ်တဲ့ (ဥပမာ Edge of Tomorrow) ဇာတ်ကားများ ဆိုပြီး အကြမ်းဖျင်း ခွဲထုတ်လိုက်လို့ရပါတယ် ဒါပေမဲ့ တစ်ချိန်တည်းမှာ အချိန်က ရှေ့ကိုရော နောက်ကိုရော တပြိုင်တည်းသွားနေတဲ့ ဇာတ်ကားကတော့ ရှားပါလိမ့်မယ် အဲ့လိုကားတွေထဲမှာ TENET ကတစ်ခုအပါအဝင်ပါပဲ အဲ့အပြင် Tenet မှာ timeloop သဘောတရားတွေနဲ့ Grandfather Paradox သဘောတရားတွေပါ ပါဝင်ပါတယ် 

ဒီကားက သိပ္ပံသဘောတရားတွေကနေ ခွဲထွက်နေတဲ့ နည်းလမ်းတွေ တပြုံကြီးနဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် တော်တော်လေးကို ရှုပ်ထွေးပြီး အဆုံးမှာလည်း ဘာကိုမှ မဖြေရှင်းပြသွားတဲ့ ဇာတ်ကားတစ်ကားပါ Christopher Nolan က ရိုက်ကူးပေးထားတာဖြစ်ပြီး မင်းသား John David Washington နဲ့ Robert Pattison မင်းသမီး Elizabeth Debicki တို့ အဓိက သရုပ်ဆောင်ထားပါတယ်

Robert Pattison,Christopher Nolan,John David Washington
Robert Pattison,Christopher Nolan,John David Washington

ဇာတ်လမ်းအကျဥ်းကတော့ လူသားတွေရဲ့ မဆင်မခြင်မူတွေကြောင့် ကမ္ဘာကြီးဟာ ပျက်စီးလာနေပြီ အဲ့ဒါကြောင့် အနာဂတ်ကလူတွေက လက်ရှိအချိန်ကလူသားတွေကို ဖျက်စီးဖို့ အချိန်ခရီးသွားလာကြတဲ့ ပုံစံဖြစ်ပါတယ် ဒီသဘောတရားတစ်ခုလုံးကကို Grandfather Paradox ပါပဲ  ထူးခြားတာက တခြားဇာတ်ကားတွေလို ချက်ချင်း အချိန်ခုန်ကူးလိုက်တာ မဟုတ်ပဲ အချိန်ကို နောက်ပြန်လာတာပါ ရှင်းအောင်ပြောရမယ်ဆို လမ်းတစ်လမ်းကို ဒီဖက်အစွန်းကနေ တည့်တည့်လျှောက်တာတဲ့လူနဲ့ ဟိုဖက်အစွန်းကနေ နောက်ပြန်လျှောက်လာတဲ့ လူနှစ်ဦး လမ်းအလယ်ခေါင်မှာ ဆုံကြသလိုပါပဲ  ဒီဇာတ်ကားကို ကြည့်ပြီးရင် မေးခွန်းတွေ အများကြီးကျန်ခဲ့ကြမှာပါ

A Scene From TENET
A Scene From TENET

Fan Theory တွေ Logic တွေ တလှေကြီးရှိတာမလို့ ကြည့်ပြီးမှ အဲ့ဒါတွေလိုက်ဖတ်ရတာလည်း ပျော်ဖို့ကောင်းပါတယ် ဇာတ်ကားရဲ့ နာမည်ကိုက ‌ရှေ့ကဖတ်ဖတ် နောက်ကဖတ်ဖတ် ဒီနာမည်ကိုပဲပြန်ရမှာပါ Secret တွေ Detail တွေ သီအိုရီတွေအများကြီးပါပါတယ် လူတွေသာမက ပစ္စည်းတွေကပါ အချိန်ကို အတည့်သွားလိုက် နောက်ပြန်သွားလိုက်နဲ့ ဖြစ်စဥ်တွေတွေ့ရမှာပါ အပြင်မှာ ပစ်ထားပြီးသား ကျည်ဆန်က သေနတ်ထဲပြန်ဝင်သွားတာစတဲ့ Reverse စတိုင်တွေအများအပြား ပါပါတယ် ရုပ်ရှင်တစ်ကားကြည့်ပြီး ခေါင်းစားခံချင်တဲ့သူတွေအတွက် ရွှေပါပဲ

TENET
TENET

Detail ပိုင်းမှာဆိုရင် အချိန်ကို ပြောင်းပြန်သွားနေရင် အဆုတ်ကပါ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ရိုးရိုးလေကို ရူလို့မရပဲ Special Oxygen တစ်မျိုးကိုပဲ ရှူလို့ရတာ စတာတွေပါပါတယ် ဇာတ်ကားကရှုပ်တဲ့နေရာမှာတော့ ထိပ်ဆုံးကလို့ပြောရပါမယ် ဇာတ်လမ်းတော်တော်လေးရှုပ်တဲ့ Inception ဇာတ်ကားထက်တောင် အများကြီး ပိုရှုပ်ပါတယ် အဲ့ကားကလည်း Nolan ရဲ့ ဇာတ်ကားပါ ဇာတ်ကားကြည့်ပြီးရင် တစ်ပတ်လောက်ထိတော့ အဲ့ကားအကြောင်းမတွေးပဲ နေနိုင်မှာမဟုတ်ပါဘူး 

Time Travel တွေကို စိတ်ဝင်စားကြသူတွေဆို Nolan ရဲ့ ဇာတ်ကားတွေနဲ့ စိမ်းကြမှာ မဟုတ်ပါဘူး ဒီလိုဇာတ်ကားတွေကြားထဲကမှ ဘယ်ကားနဲ့မှ မတူပဲ တမူထူးခြားပြီး ကွဲထွက်နေတဲ့ TENET ဇာတ်ကားကို ကြည့်ပြီး အင်တာနက်ပေါ်က သီအိုရီတွေ Fan made logic တွေကိုပါ သွားဖတ်ကြည့်လိုက်ကြပါ ဇာတ်ကားကြည့်ပြီးမှ လိုက်ဖတ်မယ်ဆိုရင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားမဲ့ အကြောင်းတွေပါ ပါဝင်ပါတယ် IMDb 7.4, Rotten Tomato 70% တို့နဲ့ TENET ကတော့ 2020 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တာကြောင့် ကြည့်ကြည့်ဖို့ ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T