မြန်မာနိုင်ငံ ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းပိုင်ရှင် သို့မဟုတ် ဦးမျိုးလှိုင်ဝင်း

//s9.kh1.co/0a/0a7be7829686fd6d7d744d6e58863d5c357f63f2.jpg
အားကစားသတင်းများ

 ၂၆-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဦးမျိုးလှိုင်ဝင်းဟာ တစ်ခေတ်တစ်ခါက မြန်မာပြည်ဘောလုံးလောကရဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တစ်ချိန်တစ်ခါက ဘောလုံးဝါသနာရှင် ပရိတ်သတ်တွေရဲ့ အသည်းစွဲ ဖြစ်တဲ့ မြန်မာဘောလုံးအသင်းရဲ့ တိုက်စစ်မှူး မျိုးလှိုင်ဝင်း ဆိုတာ တကယ်ကို နာမည်ကြီး အားကစားသမားတစ်ဦးဖြစ်ပါတယ်၊။သူဟာ သူ့ခေတ်မှာအရှေ့တောင် အာရှ ရဲ့ ကြောက်စရာကောင်းဆုံး တိုက်စစ်မှူးလို့တောင် နိုင်ငံခြားမီဒီယာတွေက ရေးသားခြင်းခံရတဲ့အထိ ဘောလုံးအားကစားမှာ ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၁၉၉၅) ခုနှစ်ဝန်းကျင် က ဦးမျိုးလှိုင်ဝင်း ဟာ တကယ်ကို ပရိတ်သတ်များအကြားရေပန်းစားခဲ့သူတစ်ဦးဖြစ်ပြီး ထိုခေတ်က မြန်မာနိုင်ငံမှာ မင်းသားတွေထက်တောင် တစ်တိုင်းပြည်လုံးကကြိုက်ကြချစ်ကြတဲ့ အားကစားသမားတစ်ဦးဖြစ်ပါတယ်။(၁၉၉၀ -၂၀၂၀) အတွင်း မြန်မာနိုင်ငံထဲမှာ ထိုခေတ်ကလူကြိုက်အများဆုံး မြန်မာ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ သန်းတိုးအောင်နဲ့အတူ တွဲဘက်ကစားကာ မြန်မာဘောလုံးလောကမှာ စတင်ထင်ရှားလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ အသက်(၂၀)အရွယ် ဖြစ်တဲ့ (၁၉၉၃)ခုနှစ် မှာတင်ပဲ ဆီးဂိမ်းပြိုင်ပွဲမှာဝင်ကစားခဲ့ပြီး ထို ပြိုင်ပွဲမှာ ထိုင်းအသင်းနဲ့ကစားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာတော့ သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ထိုင်းအသင်းကို အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် ထိုပြိုင်ပွဲမှာတော့ ဦးမျိုးလှိုင်ဝင်း ဟာသွင်းဂိုး (၈) ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဦးမျိုးလှိုင်ဝင်းဟာ တိုက်စစ်လမ်းကြောင်းသွားရာနေရာလွတ်တွေမှာ နေရာယူကာ ကစားတက်တဲ့ ကစားဟန်မျိုးဖြစ်ပါတယ်။ ပြိုင်ဘက်ခံစစ်လူတွေကပ်ရခက်တဲ့ပုံစံကစားပြီး နောက်တန်းတွေကြားထဲ သူကပြေးမဝင်ပဲ ဘောလုံးလက်ခံရယူဖို့လွယ်တဲ့ နေရာလွတ်တွေကနေသာ နေရာယူတတ်တာကြောင့် ဂိုးသွင်းကောင်းပြီးထိန်းချုပ်ရခက်ခဲတဲ့တိုက်စစ်မှူးလို့ သတ်မှတ်ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပြည်ပနိုင်ငံ တွေအထိ သွားရောက်ကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကစားခဲ့ဖူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ (၁၉၈၉) ခုနှစ်ကနေ (၂၀၀၅) ခုနှစ်အထိမြန်မာ့လက်ရွေးစင်အသင်းတွက် (၁၆) နှစ်ကြာ ကစားခဲ့ပြီး လက်ရှိအချိန်အထိ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦးလဲဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ (၂၀၀၅) ခုနှစ်မှာတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းဟာ သူရဲ့ခေတ်တခုမှာတော့မြန်မာဘောလုံးလောကနဲ့အရှေ့တောင်အာရှအတွင်းမှာပါထိပ်တန်းတိုက်စစ်မှူးအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T