Gone with the Wind ဇာတ်ကားထဲက အရမ်းအောင်မြင်လူကြိုက်များခဲ့တဲ့ ဒိုင်ယာလော့ခ်

//s9.kh1.co/88/88cb296b26d01cb9111dd32295b8aa5adfdad81e.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဂန္တဝင်ဝတ္ထုစာအုပ်တွေကို ကြိုက်နှစ်သက်ကြသူတွေဆိုရင် ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လေရူးသုန်သုန် ဝတ္ထုကိုသိကြမှာပါ မူရင်း ဝတ္ထုကတော့ စာရေးဆရာ Margaret Mitchell ရေးသားခဲ့တဲ့ Gone With The Wind အမည်ရ ဝတ္ထုကြီးပါ 1936 ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဝတ္ထုစာအုပ်ပါ 1939 ခုနှစ်မှာ အဲ့ဝတ္ထုကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ထွက်ခဲ့ပါတယ်

photo credit 
photo credit 

ထူးခြားတာတစ်ခုကတော့ အဲ့ဒီဇာတ်ကားထဲမှာ Rhett Butler အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Clark Gable ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တစ်ခုဟာ အဲ့ခေတ်အခါက အကြီးအကျယ် အောင်မြင်ခဲ့တာပါ အဲ့ဒီ ဒိုင်ယာလော့ခ်ကတော့ “Frankly,my dear,I don't give a damn” ဆိုတဲ့ စာကြောင်းပါပဲ Scarlett O’Hara က Rhett ကိုသူမဆီပြန်လာမယ်ထင်ရင်း “Where shall I go? What shall I do?” လို့မေးတဲ့ မေးခွန်းကို Rhett က ပြန်ဖြေခဲ့တဲ့ စကားဖြစ်ပါတယ် ဒါပေမဲ့ စာအုပ်ထဲမှာကတော့ “My dear,I don’t give a damn”လို့ပဲ ပါတာပါ ရုပ်ရှင်မထွက်လာခင်မှာလည်း ဒီစာကြောင်းကြောင့် အခက်အခဲကြုံခဲ့ရပါတယ်

photo credit
photo credit

ဘာကြောင့်လဲဆိုတော့ 1930 ခုနှစ်က Motion Picture Production Code ရဲ့ Policy အရ Damn ဆိုတဲ့ အဆဲစကားလုံးကို ရုပ်ရှင်တွေမှာ သုံးခွင့်မရှိပါဘူး 1930 မတိုင်ခင် ရုပ်ရှင်တွေမှာတော့ အဲ့စကားလုံးကို အသုံးပြုကြပါတယ် Hays ရုံးက Damn ဆိုတဲ့ စကားလုံးကို အသုံးပြုလို့ဆိုပြီး ထုတ်လုပ်သူကို ဒဏ်ကြေး ဒေါ်လာ 5000 တပ်ခဲ့တယ်လို့ ပါးစပ်ပြော ရာဇဝင်တွေ ရှိခဲ့ပြီး ဒိုင်ယာလော့ခ်ကို ထည့်သွင်းဖို့ကြိုးစားရာမှာ မလွယ်ကူခဲ့ပေမဲ့ ဇာတ်ကားမထွက်ခင် တစ်လခွဲအလိုမှာ MPPDA က Production Code ကိုပြင်ဆင်ချက်တွေ ပြုလုပ်ခဲ့ပါတယ်

MPPDA (photo credit)
MPPDA (photo credit)

နိုဝင်ဘာလ 1 ရက်နေ့ 1939 ခုနှစ်မှာ “သရုပ်ပြချက်တွေ သမိုင်းဝင်ဖြစ်ရပ်တွေ သမိုင်းဝင်ဖြစ်ရပ်ပေါ်ဖြစ်စေ လူကြီးသူမတွေရဲ့ ပြောစကားတွေပေါ်ဖြစ်စေ ကိုးကားထားတဲ့ ဒိုင်ယာလော့ခ်တွေ ဒါမှမဟုတ် စာပေတစ်ခုထဲက ကိုးကားချက်တွေအတွက်ဖြစ်စေ “Hell” နဲ့ “Damn” ဆိုတဲ့စကားလုံးတွေကို အသုံးပြုလို့ ရပါမယ် ကိုယ်ပိုင် ကန့်ကွက်ချက်တွေနဲ့ ကောင်းမွန်တဲ့ အရာတွေကို ဖျက်စီးမဲ့နေရာမှာတော့ သုံးလို့မရပါဘူး”လို့ အဓိပ္ပါယ်ရတဲ့ ပြင်ဆင်ချက်ပြုလုပ်ခဲ့တာကြောင့် Production Code က ဒီဒိုင်ယာ‌လော့ခ်အတွက် ကန့်ကွက်စရာအကြောင်း မရှိတော့ပါဘူး ဒီဇာတ်ကားထဲမှာ Damn ဆိုတဲ့ စကားလုံးကို နှစ်ခါ အသုံးပြုခဲ့တာဖြစ်ပြီး ဒီဒိုင်ယာလော့ခ်က ဒုတိယမြောက်တစ်ခုပါ တကယ်လို့ ဒီစာကြောင်းကို အသုံးပြုလို့ မရခဲ့ဘူးဆိုရင် တခြားဘယ်စာကြောင်းတွေကို အသုံးပြုဖြစ်မလဲဆိုတာကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ် ဒီမှာဆို စာကြောင်းတစ်ခုကို ဖျက်ထားပြီး အဲ့စာကြောင်းက ဘာလဲဆိုတာကိုတော့ မသိရပါဘူး

photo credit
photo credit

ဒီရိုးရိုးရှင်းရှင်း ဒိုင်ယာလော့ခ်လေးတစ်ခုက ဇာတ်ကားတစ်ကားလုံးရဲ့  အထင်ကရ စာကြောင်းလေးဖြစ်ခဲ့ပြီး အဲ့ခေတ်အခါကလည်း အရမ်းလူကြိုက်များ အောင်မြင်ခဲ့ပါတယ် လက်ရှိအချိန်အထိ Gone With The Wind ဇာတ်ကားဆိုတာနဲ့ အဲ့ဒီ့ဒိုင်ယာလော့ခ်ကို ပြေးမြင်နေကြဆဲပါ ကန့်သတ်ချက်တွေထဲကနေမှ ဝတ္ထုရဲ့ အရသာမပျက်အောင် ဒိုင်ယာလော့ခ်အတွက် ကြိုးစားခဲ့ကြတာလည်း အထင်ကြီးစရာ‌ ကောင်းပါတယ် “ပွင့်ပွင့်လင်းလင်းပြောရရင် အချစ်ကလေး‌ရေ ကိုယ်ဂရုမစိုက်တော့ပါဘူး”လို့ အဓိပ္ပါယ်ရတဲ့ ရိုးရိုးရှင်းရှင်းစာကြောင်းလေးဟာ မင်းသားကြီး Gable ရဲ့ လေယူလေသိမ်းနဲ့ ပြောဟန်ကြောင့်ရော ဂန္တဝင်ဇာတ်ကားထဲက နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ အားလုံးသဘောကျရတဲ့ ဂန္တဝင်ဒိုင်ယာလော့ခ်လေးတစ်ခုဖြစ်လာပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T