ကံကောင်းလို့ အသက်ဘေးကနေ လွတ်ခဲ့တဲ့ အသက် ၁၀ န‌ှစ်အရွယ် ကောင်မလေး

//s9.kh1.co/9d/9db60dcb18161ee13346d01e31a53dfdaa715f4d.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အသက် ၁၀ နှစ်သာရှိ‌ေသးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မိဘတွေဟာ တစ်ညမှာ အပြင်ထွက်သွားခဲ့ကြပါတယ်။ အသက်ငယ်ငယ်လေးသာရှိ‌ေသးတဲ့ ဒီမိန်းကလေးကတော့ ကလေးထိန်းနဲ့ မနေရလောက်အောင် အသက်ကြီးနေပြီဆိုပြီး ထင်နေခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူ့မိဘတွေမရှိတောင် သူ့ကိုအိမ်မှာတစ်ယောက်ထဲပေးနေဖို့ ကလေးထိန်းကုိ ပြောပြခဲ့ပါတယ်။ မနက်ကျမှပဲ သူ့မိဘတွေကိုပြောလိုက်မယ်ဆိုပြီး သူလည်းအိမ်မှာတစ်ယောက်ထဲ နေခွင့်ရလိုက်ပါတယ်။

https://s9.kh1.co/__image/w=480,h=270,q=100/3d/3de98c3af893aad7db9cac17a49a10fffa3a80a1.jpg
https://s9.kh1.co/__image/w=650,h=382,q=100/da/da35860dc323b1672261089cd6c16faf81a4229a.png

အဲ့နောက် သူမအိပ်ပျော်ခံနီးမှာပဲ ရေစက်ကျသံတွေကိုကြားလိုက်ရပါတယ်။ သူမလည်း မိုးရွာပြီထင်ကာ ထကြည့်ခဲ့ပေမယ့် ကြယ်တွေနဲ့အတူ လင်းထိန်းနေတဲ့လကြီးကိုသာတွေ့ရှိခဲ့ရပါတယ်။ အဲ့တာနဲ့အိပ်ယာထဲပြန်၀င်ပြီး အိပ်ဖို့လုပ်နေခ‌ျိန် ရေစက်ကျသံတွေထပ်ကြားလိုက်ရပါတယ်။ အဲ့တာနဲ့ သူမလည်း ရေချိုးခန်းထဲသွားကြည့်ချိန်မှာတော့ ရေပိုက်ပွင့်နေတာကြောင့် ပြန်ပိတ်ခဲ့ပြီး အိပ်ဖို့ ထပ်လုပ်ခဲ့ပါတယ်။ မကြာပါဘူး သူမထပ်ကြားရပြန်ပါတယ်။ ဒီတစ်ခါလည်း ‌ ရေပိုက်က ပွင့်နေခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/77/77e218abc9b730c2d1cc208cac498025b78aea0e.jpg
https://s9.kh1.co/__image/w=620,h=352,q=100/81/81f44aaf0b14f4b92e8599cc1dd1917479cd48f2.png

အဲ့တာနဲ့ သူမဟာ နောက်တစ်ခါထပ်ဖြစ်ရင် မပိတ်တော့ဘူးဆိုပြီး တွေးကာ အိပ်ပျော်လိုက်ပါတယ်။ မကြာပါဘူး ကုတင်းနားမှာ သူ့ခွေးရဲ့ ညည်းသံနဲ့ခြေကုတ်သံတွေကို ကြားခဲ့ရပါတယ်။ ဒါနဲ့ပဲသူမက မျက်လုံးမပွင့်တပွင့်နဲ့ သူခွေးကို ငြိမ်ငြိမ်နေဖို့ ကုတင်ပေါ်ခေါ်လိုက်ပြီး အတူတူအိပ်ပျော်သွားပါတယ်။ မနက်မိုးလင်းတော့ သူမ အိပ်ယာနိုးလာခဲ့ချိန်မှာ ကုတင်က စိုရွဲနေခဲ့ပါတယ်။ ဒါနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ ခေါင်းပြတ်နေတဲ့ သူရဲ့ခွေးကို တွေ့ရှိခဲ့ရပါတယ်။ ကုတင်ဘေးက ခုံပေါ်မှာတော့ သတိပေးစာတစ်ခုရှိခဲ့ပါတယ်။ ဒီစာလေးကတော့ မိဘတွေ စိတ်ပူရအောင်မလုပ်နဲ့ဆိုပြီး သတိပေးစာလေးပဲဖြစ်ပါတယ်။ ကလေးထိန်းအမျိုးသမီးရောက်လာချိန်မှာတော့ ကလေးမလေးက သူလုပ်တယ်ထင်ပြီး စွတ်စွဲခဲ့ပေမယ့်လည်း ကလေးထိန်းက မနေ့ညက အိမ်မှာပဲ ရည်းစားနဲ့ရှိ‌‌ေနခဲ့တာမို့ သူမလည်းနောက်နေ့ကစပြီး အိမ်မှာတစ်ယောက်ထဲမနေရဲတော့ပါဘူး။

https://s9.kh1.co/__image/w=542,h=306,q=100/ad/ad4a2048f1481e7c3db6857b368fd2f7fcd96558.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T